မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကလေးတွေ ဘုရားကို ဘယ်လိုချစ်လာနိုင်မလဲ

ကလေးက ဘုရားကိုသိပြီး ချစ်တတ်လာအောင် ဘုရားရဲ့ဖန်ဆင်းခြင်းလက်ရာတွေကို ပြပြီး သင်ပေးပါ

ကလေးတွေဟာ ဘုရားရှိပြီး သူတို့ကိုချစ်တယ်ဆိုတဲ့ အထောက်အထားတွေကို သိမှသာ ဘုရားကိုချစ်လာကြမှာ ဖြစ်တယ်။ ဘုရားကို ကလေးတွေ ချစ်လာဖို့ဆိုရင် ကိုယ်တော့်အကြောင်း သိဖို့လိုတယ်။ (၁ ယောဟန် ၄:၈) ဥပမာ၊ လူတွေကို ဖန်ဆင်းရတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဆင်းရဲဒုက္ခတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားတာလဲ။ လူသားတွေအတွက် အနာဂတ်မှာ ဘုရား ဘာလုပ်ဆောင်ပေးမလဲ စတဲ့မေးခွန်းတွေကို ကလေးတွေ သိဖို့လိုတယ်။—ဖိလိပ္ပိ ၁:၉ ကိုဖတ်ပါ။

ကလေးတွေ ဘုရားကိုချစ်တတ်လာဖို့ မိဘတွေကိုယ်တိုင် ဘုရားကိုချစ်ကြောင်း ပြရမယ်။ ဒါကို သူတို့ သိမြင်လာတဲ့အခါ မိဘတွေရဲ့ စံနမူနာကို လိုက်လျှောက်ချင်လာမှာဖြစ်တယ်။—တရားဟောရာ ၆:၅–၇; သုတ္တံ ၂၂:၆ တို့ကို ဖတ်ပါ။

ကလေးတွေရဲ့နှလုံး ထိမိဖို့ ဘယ်လိုသွန်သင်ပေးနိုင်သလဲ

ဘုရားရဲ့စကားတော်ဖြစ်တဲ့ ကျမ်းစာဟာ တန်ခိုးရှိပါတယ်။ (ဟေဗြဲ ၄:၁၂) ဒါကြောင့် ကလေးတွေကို ကျမ်းစာအခြေခံသွန်သင်ချက်တွေ သင်ပေးပါ။ ယေရှုက လူတွေရဲ့နှလုံးကို ထိမိစေဖို့ မေးခွန်းတွေ မေးတယ်၊ နားထောင်ပေးတယ်၊ ဒါ့အပြင် ကျမ်းချက်တွေရဲ့ သက်ဆိုင်ပုံကိုလည်း ရှင်းပြပေးတယ်။ ကလေးတွေရဲ့ နှလုံး ထိမိဖို့ သင်ပေးတဲ့အခါ ယေရှုရဲ့ သွန်သင်နည်းတွေကို တုပနိုင်ပါတယ်။—လုကာ ၂၄:၁၅–၁၉၊ ၂၇၊ ၃၂ ကိုဖတ်ပါ။

ဒါ့အပြင် ဘုရားက လူတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံသလဲဆိုတဲ့ ကျမ်းစာဇာတ်လမ်းတွေကို ပြောပြမယ်ဆိုရင် ကလေးတွေ ဘုရားအကြောင်း သိလာပြီး ချစ်လာကြမှာဖြစ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ဝေထားတဲ့ ကျမ်းစာအခြေပြုစာပေတွေကို www.pr418.com/mya ကနေ ကူးယူရရှိနိုင်ပါတယ်။—၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။