မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

လူ့ခန္ဓာကိုယ်ရဲ့ ထိခိုက်ဒဏ်ရာကို ပြန်ကောင်းလာစေနိုင်စွမ်း

လူ့ခန္ဓာကိုယ်ရဲ့ ထိခိုက်ဒဏ်ရာကို ပြန်ကောင်းလာစေနိုင်စွမ်း

လူတစ်ယောက် အသက်ဆက်ရှင်ဖို့ လူ့ခန္ဓာမှာရှိတဲ့ စနစ်ကျတဲ့ လုပ်ဆောင်မှုတွေ အများကြီးထဲမှာ ထိခိုက်ဒဏ်ရာကို ပြန်ကောင်းလာစေနိုင်စွမ်းလည်း ပါတယ်။ ဒဏ်ရာရတာနဲ့ အဲဒီဖြစ်စဉ်က စပြီး အလုပ်လုပ်ပါတယ်။

သုံးသပ်ကြည့်ပါ– ထိခိုက်ဒဏ်ရာကို ပြန်ကောင်းလာစေတဲ့ဖြစ်စဉ်မှာ ရှုပ်ထွေးလှတဲ့ဆဲလ်တွေရဲ့ အောက်ပါလုပ်ဆောင်မှုတွေပါတယ်–

  • သွေးဥမွှားတွေက ဒဏ်ရာတစ်ဝိုက်မှာရှိတဲ့ အသားတစ်ရှူးတွေမှာကပ်ပြီး သွေးကိုခဲစေတယ်။ ပေါက်သွားတဲ့ သွေးကြောတွေကို ပိတ်ပေးတယ်။

  • ရောင်ရမ်းတာက ပိုးမဝင်အောင် ကာကွယ်ပေးပြီး ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ “အစအနတွေ” ကို ဖယ်ရှားပေးတယ်။

  • နောက်ရက်အနည်းငယ်အတွင်းမှာ၊ ပျက်စီးသွားတဲ့ အသားတစ်ရှူးတွေနေရာမှာ အသားနုတက်လာတယ်။ ပျက်စီးသွားတဲ့သွေးကြောတွေ ပြန်ကောင်းလာတယ်။

  • နောက်ဆုံးမှာ၊ အသားနုကနေ အမာရွတ်ဖြစ်လာပြီး ဒဏ်ရာပျောက်ကင်းသွားတယ်။

သွေးခဲစေတဲ့စနစ်ကို တုပပြီး၊ ထိခိုက်အက်ကွဲရာတွေကို အလိုအလျောက် ပြန်လည်ကုစားနိုင်စွမ်းရှိတဲ့ ပလပ်စတစ်တွေကို သုတေသီတွေ ထွင်ကြတယ်။ အဲဒီပစ္စည်းတွေမှာ ဓာတုအရည်နှစ်မျိုးပါရှိတဲ့ မျဉ်းပြိုင်ပြွန်နှစ်ခု ထည့်ထားပြီး ထိခိုက်အက်ကွဲတဲ့အခါမှာ အဲဒီပြွန်တွေကနေ ဓာတုအရည်တွေ ထွက်လာမှာဖြစ်တယ်။ အဲဒီဓာတုအရည်နှစ်မျိုး ရောသွားပြီး အက်ကွဲရာ၊ အပေါက်တွေထဲ စိမ့်ဝင်သွားတဲ့အခါ အရည်ပျစ်တွေ ဖြစ်လာတာကြောင့် အက်ရာတွေ ပြန်ဆက်သွားတယ်။ အဲဒီအရည်ပျစ်တွေ မာသွားတဲ့အခါ နဂိုအတိုင်းတစ်သားတည်း ပြန်ဖြစ်သွားတယ်။ အဲဒါက သဘာဝလောကမှာ ရှိပြီးသားဖြစ်တဲ့ “ပြန်လည်ကုစားနိုင်တဲ့စနစ်” ကို တုပပြီး တီထွင်ထားတာဖြစ်တယ်လို့ သုတေသီတစ်ဦးဆိုတယ်။

သင်ဘယ်လိုထင်ပါသလဲ။ လူ့ခန္ဓာကိုယ်ရဲ့ ထိခိုက်ဒဏ်ရာကို ပြန်ကောင်းလာစေနိုင်စွမ်းဟာ သူ့အလိုလို ဖြစ်လာတာလား ဒါမှမဟုတ် တစ်စုံတစ်ယောက်က ပြုလုပ်ဖန်ဆင်းထားတာလား။