မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာပြ​ပါ

မေတ္တာပြ​ပါ

ပြဿနာ

မလိုမုန်းထား​တဲ့​စိတ်​က အလွယ်တကူ မပျောက်​နိုင်ဘူး။ ရောဂါပိုး ကူးစက်​ခံရ​ရင် ပျောက်ကင်း​ဖို့ အချိန်​ယူရ​သလိုပဲ မလိုမုန်းထား ခွဲခြား​ဆက်ဆံမှု​ကို ဖျောက်ဖျက်​ဖို့ အချိန်​ယူရ​တယ်။ ကိုယ့်​မှာ​ ရှိတဲ့ အဲဒီ​စိတ်သဘော ပျောက်​သွား​အောင် ဘယ်လို လုပ်နိုင်သလဲ။

ကျမ်းစာ​အခြေခံ​မူ

“မေတ္တာကိုလည်း ဝတ်ဆင်​ကြ​ပါ။ ဘာလို့လဲ​ဆိုတော့ မေတ္တာဟာ စည်းလုံးခြင်း​အတွက် ခိုင်မြဲ​တဲ့ နှောင်ကြိုး​ပဲ။” —ကောလောသဲ ၃:၁၄

ဘာကို​ ဆိုလို​သလဲ။ ကြင်နာ​တဲ့​ လုပ်ရပ်က လူတွေကို တစည်းတလုံး ရှိစေတယ်။ တခြား​သူတွေကို မေတ္တာ​ပြဖို့ ကြိုးစား​လေ မလိုမုန်းထား​စိတ် နည်း​သွား​လေ​ပဲ။ သူတို့ကို ပို​ချစ်​လာ​လေ သူတို့​အပေါ်​ ထား​တဲ့ အပျက်​သဘောထားတွေ လျော့​သွား​လေ​ပဲ။

လုပ်ဆောင်​နိုင်​တဲ့​အချက်

ကိုယ်​မကြိုက်​တဲ့ လူအုပ်စု​ထဲ​က လူတွေကို မေတ္တာပြ​နိုင်​တဲ့ သတ်သတ်မှတ်မှတ် နည်းတွေကို စဉ်းစားပါ။ ကြီးကြီးကျယ်ကျယ် ဖြစ်စရာ မလိုပါဘူး။ အောက်ပါ​အချက်​တွေ​ထဲ​က တစ်ခု​နှစ်ခု​ လုပ်ဖို့ ကြိုးစား​ကြည့်​ပါ။

မေတ္တာပြ​တဲ့ လုပ်ရပ်​လေး​တွေ​က အပျက်​သဘောထားတွေကို ဖယ်ရှား​ပေး

  • အဝင်အထွက်​တွေ​မှာ တံခါးဖွင့်​ပြီး ကိုင်ထား​ပေး​ပါ။ ဘတ်စကား၊ ရထား စီး​တဲ့​အခါ နေရာ​ဖယ်​ပေး​ပါ။

  • ကိုယ့်ရဲ့ ဘာသာ​စကား​ကို သူတို့ ကောင်းကောင်း မပြော​တတ်​ရင်တောင် သူတို့ကို နှုတ်ဆက်​စကား ပြောပါ။

  • သူတို့ရဲ့ လုပ်ရပ်​ကို ကိုယ်​နားမလည်​တဲ့​အခါ စိတ်ရှည်ပါ။

  • သူတို့ရဲ့ ပြဿနာ​အကြောင်း ပြောပြ​တဲ့​အခါ စာနာမှု​ ပြ​ပါ။