မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ

မခံရပ်နိုင်အောင် ဖြစ်လာတဲ့အခါ

အရာရာ အဆင်ပြေ​နေတဲ့​အခါ ဘဝဟာ ပျော်ရွှင်​ချမ်းမြေ့မှု​အတိ​ပါပဲ။ ဒါပေမဲ့ အခြေအနေတွေကြောင့် ဘဝဟာ မခံရပ်​နိုင်လောက်အောင် ခက်ခဲ​နေရင်​ကော။

ဥပမာ၊ အမေရိကန်​ပြည်ထောင်စု​က ဆယ်လီ *ဟာ ဟာရီကိန်း​မုန်တိုင်း​ကြောင့် ပိုင်ဆိုင်ရာ အားလုံးနီးပါး ဆုံးရှုံး​သွားတယ်။ “ဘယ်လို ရှေ့ဆက်​ရ​မှန်း မသိတော့ဘူး။ ရက်​အတော်ကြာ​တဲ့​အထိ စိတ်ပျက်လက်ပျက် ဖြစ်နေ​မိတယ်” လို့ သူပြောတယ်။

ချစ်ခင်​ရသူ ဆုံးပါး​သွား​ရင်​ကော။ ဩစတြေးလျ​က ဂျဲနစ် ဒီလို​ပြောပြတယ်– “သား​နှစ်ယောက်စလုံး ဆုံးပါး​သွားတော့ ကျွန်မ​ဘဝ ကြေမွ​ပျက်စီး​သွား​သလို ခံစား​ရတယ်။ ‘ကျွန်မ ရင်​ကွဲ​မတတ် ခံစား​နေရ​တယ်။ အိပ်စက်​အနားယူခွင့် ပေးပါ။ ပြန်​နိုး​မထချင်​တော့​ဘူး’ လို့ ဘုရားဆီ ဆုတောင်းခဲ့တယ်။”

ဒေနီယယ်​ကျတော့ ဇနီးသည် ဖောက်ပြန်​သွား​လို့ စိတ်ထိခိုက်​နေတယ်။ “ကျွန်တော့်​ဇနီးက ဖောက်ပြန်​မိ​သွားတယ်လို့ ဝန်ခံ​တဲ့အခါ ကျွန်တော့်​ရင်​ကို ဓားနဲ့ ထိုး​သွင်း​လိုက်​သလိုပဲ။ နာကျင်မှု ထပ်ခါထပ်ခါ ခံစား​ရတယ်။ လ​အတော်ကြာ ခံရတယ်” လို့ သူ​ရှင်းပြတယ်။

ဒီ​ကင်းမျှော်စင် စာစောင်​က အောက်ပါ​အခြေအနေတွေမှာ​တောင် အသက်ရှင်​ရ​ကျိုး နပ်​နိုင်ပုံကို သုံးသပ်​သွားပါမယ်။

အရင်ဆုံး သဘာဝဘေး​နဲ့ ရင်ဆိုင်​ရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်း​နိုင်သလဲ။

^ ဆောင်းပါးတွေမှာ နာမည်​တချို့ ပြောင်းထား​ပါတယ်။