မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား

နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား

 ခရစ်ဝင်ကျမ်းတွေမှာ နှစ်ခြင်ပေးသူ ယောဟန်ဆိုတဲ့ လူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ သူက ယုဒနယ်မှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောခဲ့တယ်။ ကျမ်းစာမှာပါတဲ့ အဲဒီပုဂ္ဂိုလ် တကယ် ရှိခဲ့သလား။ စဉ်းစားကြည့်ပါ–

  •   “နှစ်ခြင်းပေးသူ ယောဟန်က ယုဒတောကို လာပြီး၊ ‘နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ’ လို့ဟောတယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (မဿဲ ၃:၁၊ ၂) ဒီအဆိုကို အတည်ပြုတဲ့ လောကစာပေတွေ ရှိသလား။ ရှိပါတယ်။

     ပထမရာစုက သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က “နှစ်ခြင်းပေးသူ ယောဟန်” အကြောင်း ဖော်ပြခဲ့တယ်။ “ဖြောင့်မတ်တဲ့အသက်တာနဲ့ နေထိုင်ဖို့၊ ဘုရားတရား ကိုင်းရှိုင်းဖို့၊ နှစ်ခြင်းခံဖို့ ဂျူးတွေကို သူတိုက်တွန်းခဲ့တယ်။”—ဂျူးတို့၏ ရှေးဟောင်းနှောင်းဖြစ်များ စာအုပ် XVIII.

  •   ဂါလိလဲနယ်နဲ့ ပေရိယနယ်ရဲ့ နယ်စားမင်း ဟေရုဒ် အန္တိပကို ယောဟန် ဆုံးမခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဟေရုဒ်ဟာ မောရှေပညတ်ကို လိုက်နာတယ်လို့ဆိုတဲ့ ဂျူးအမည်ခံတစ်ယောက် ဖြစ်တယ်။ ဟေရုဒ်က ဖတူမိကွဲအစ်ကိုရဲ့ ဇနီး ဟေရောဒိနဲ့ လက်ထပ်လိုက်လို့ သူ့ကို ယောဟန် အပြစ်တင်ခဲ့တယ်။ (မာကု ၆:၁၈) ဒီအကြောင်းကို လောကစာပေမှာ တွေ့ရတယ်။

     အန္တိပဟာ “ဟေရောဒိကို ချစ်သွားပြီး မိမိကို လက်ထပ်ဖို့ ရဲရဲတင်းတင်း တောင်းဆိုခဲ့တယ်” လို့ သမိုင်းပညာရှင် ဂျိုစီဖတ်စ် ပြောခဲ့တယ်။ ဟေရောဒိ လက်ခံလိုက်ပြီး အန္တိပကို လက်ထပ်ဖို့ သူ့ခင်ပွန်းကို ထားရစ်ခဲ့တယ်။

  •   “ဂျေရုဆလင်မြို့၊ ယုဒနယ်၊ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်မှာနေတဲ့ လူတွေ လာတဲ့အခါ၊ ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်” လို့ ကျမ်းစာ ပြောတယ်။—မဿဲ ၃:၅၊ ၆

     “လူအုပ်ဟာ” ယောဟန်ဆီ လာကြတယ်။ “ယောဟန်ရဲ့ သွန်သင်ချက်တွေက လူအုပ်အတွက် အကျိုးသက်ရောက်မှု ရှိခဲ့တယ်” ဆိုတဲ့ ဂျိုစီဖတ်စ်ရဲ့ ရေးသားချက်က အဲဒီအချက်ကို ထောက်ခံတယ်။

 ပထမရာစုက သမိုင်းပညာရှင် ဂျိုစီဖတ်စ်ဟာ နှစ်ခြင်းပေးသူ ယောဟန် တကယ်ရှိခဲ့တယ်ဆိုတာကို လက်ခံတယ်။ ကျွန်တော်တို့လည်း လက်ခံနိုင်ပါတယ်။