မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

panitan/stock.adobe.com

အောက်မေ့ရာကင်ပိန်း

ဆင်းရဲမွဲတေမှုကို ယေရှု ပပျောက်စေမယ်

ဆင်းရဲမွဲတေမှုကို ယေရှု ပပျောက်စေမယ်

 ယေရှု မြေကြီးပေါ်မှာရှိတုန်းက လူတွေကို၊ အထူးသဖြင့် ဆင်းရဲသားတွေနဲ့ ဒုက္ခရောက်နေသူတွေကို မေတ္တာများစွာပြခဲ့တယ်။ (မဿဲ ၉:၃၆) လူတွေရဲ့အကျိုးအတွက် အသက်ကိုတောင် စွန့်ခဲ့တာ။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၅:၁၃) မကြာခင်မှာလည်း ဘုရားနိုင်ငံတော်ဘုရင်အနေနဲ့ မိမိရဲ့အခွင့်အာဏာကို သုံးပြီး ကမ္ဘာတစ်ဝန်းမှာ ဆင်းရဲမွဲတေမှုကို အဆုံးတိုင်စေပါတော့မယ်။ ဒီနည်းနဲ့ လူတွေကို ချစ်ကြောင်း ထပ်ပြပါမယ်။

 ယေရှုလုပ်ဆောင်ပေးမယ့်အရာအကြောင်း ကျမ်းစာမှာ အခုလို ကဗျာဆန်ဆန် စပ်ဆိုထားတယ်–

  •   “မင်းကြီးက ပြည်သူပြည်သားထဲက နိမ့်ကျသူတွေဘက်ကနေ ခုခံကာကွယ်ပေးပါစေ။ နွမ်းပါးသူတွေရဲ့ သားသမီးတွေကို ကယ်တင်ပေးပါစေ။”—ဆာလံ ၇၂:၄

 ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေ၊ လုပ်ဆောင်ပေးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။ လုကာ ၂၂:၁၉ မှာ ယေရှုက မိမိရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ နောက်လိုက်တွေကို မှာခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေက နှစ်စဉ်နှစ်တိုင်း ယေရှုရဲ့သေခြင်းနှစ်ပတ်လည်နေ့မှာ စုဆုံစည်းဝေးကြတာပါ။ ၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ယေရှုရဲ့သေခြင်းအောက်မေ့ရာနေ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

အောက်မေ့ရာအစီအစဉ် ကျင်းပမယ့် အချိန်နဲ့နေရာကို ရှာပါ