မာတိကာဆီ ကျော်သွား

Cookies နဲ့ အခြားနည်းပညာများ အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒ

Cookies နဲ့ အခြားနည်းပညာများ အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒ

အကောင်းဆုံး ဒီဂျစ်တယ် အတွေ့အကြုံရရှိနိုင်ဖို့ cookie နဲ့ အလားတူ နည်းပညာတွေ သုံးပြီး သင့်မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ hard drive တို့မှာ အချက်အလက် အနည်းငယ်ကို ကျွန်တော်တို့ သိမ်းဆည်း၊ မှတ်သားထားပါမယ်။ Cookies တွေက ကျွန်တော်တို့ဝက်ဘ်ဆိုက် အလုပ်လုပ်အောင် ကူညီပေးတဲ့အပြင် အသုံးပြုသူတွေရဲ့တုံ့ပြန်ပုံကို သိစေတယ်။ ရရှိတဲ့အချက်အလက်တွေကို သုံးပြီး ဝက်ဘ်ဆိုက်ကို ပိုကောင်းလာအောင် ကျွန်တော်တို့ လုပ်ဆောင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ပုံစံတွေ၊ လျှောက်လွှာတွေမှာ ဆက်သွယ်ဖို့လိပ်စာကို ကာယကံရှင်ကိုယ်တိုင် မထည့်သွင်းသရွေ့ ဝက်ဘ်ဆိုက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုတာမျိုး မလုပ်ပါ။ ဒီမူဝါဒမှာ ဖော်ပြထားတဲ့ “cookies” ဆိုတဲ့ အသုံးအနှုန်းက ကျယ်ပြန့်တယ်။ localStorage, web beacons, pixels, identifiers စတဲ့ အလားတူ နည်းပညာတွေ ပါဝင်တယ်။ ဒီနည်းပညာတွေက သင့်ကွန်ပျူတာရဲ့ မျက်နှာပြင်အရွယ်အစား၊ အချိန်၊ ရက်စွဲ မြင်ရပုံတွေ၊ သင်ဝင်ကြည့်တဲ့ အကြောင်းအရာရဲ့ URL လင့်ခ်စတဲ့ အချက်အလက်တွေကို သိစေတယ်။

သိမ်းဆည်း၊ မှတ်သားထားတဲ့ ဘယ်အချက်အလက်ကိုမှ ရောင်းချဖို့၊ ဈေးကွက်မှာ သုံးဖို့၊ အင်တာနက်မှာ သင်ဝင်ရောက်တဲ့ တခြားဝက်ဘ်ဆိုက်တွေကို မှတ်ထားဖို့ သုံးမှာ မဟုတ်ပါဘူး။ စီးပွားရေးကြော်ငြာဖို့၊ စျေးကွက်ရှာဖွေဖို့ သုံးမှာ မဟုတ်ပါဘူး။

Cookies အမျိုးအစား။ လုပ်ဆောင်မှု မတူတဲ့ Cookies အမျိုးမျိုး ရှိပါတယ်။ Cookies အများစုကတော့ ဝက်ဘ်ဆိုက်သုံးရတာကို ပိုအဆင်ပြေစေတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခဲ့ဖူးခြင်း ရှိမရှိ ဖော်ပြဖို့၊ ရွေးချယ်ထားတဲ့ အကြောင်းအရာတွေကို ပြန်မှတ်မိစေဖို့ cookies တွေကို သုံးပါတယ်။ ဥပမာ၊ သင်ရွေးချယ်ခဲ့တဲ့ ဘာသာစကားကို cookies မှာ သိမ်းထားပေးလို့ ဝက်ဘ်ဆိုက်ကို ပြန်ဝင်တဲ့အခါ သင် ရွေးချယ်ထားတဲ့ ဘာသာစကားနဲ့ ဖော်ပြပေးနိုင်မှာဖြစ်တယ်။

ဒီဝက်ဘ်ဆိုက်မှာ အသုံးပြုတဲ့ cookies ကို သုံးမျိုး ခွဲခြားနိုင်ပါတယ်-

  1. ၁။မဖြစ်မနေလိုအပ်တဲ့ Cookies များ။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် လည်ပတ်အောင်၊ ဝက်ဘ်ဆိုက်ထဲ ဝင်နိုင်အောင်၊ ဝက်ဘ်ဆိုက် အသွင်အပြင်တချို့ကို အသုံးပြုနိုင်အောင် တချို့ cookies တွေ မရှိမဖြစ် လိုအပ်တယ်။ privacy preferences တွေကို ဆက်တင်ချိန်ညှိတာ၊ login ဝင်တာ၊ ဖောင်ဖြည့်တာ စတာတွေကို သင်လုပ်ဆောင်နိုင်ဖို့အတွက်ပဲ cookies တွေကို သုံးထားပါတယ်။ အဲဒီ cookies တွေမရှိရင် အွန်လိုင်းကနေ လှူဒါန်းတာလိုမျိုး ကိစ္စတချို့ကို လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီ cookies တွေက အင်တာနက်မှာ သင်ဝင်ရောက်ကြည့်ရှုခဲ့တဲ့ နေရာတွေကို မှတ်သားတာမျိုး မလုပ်ပါဘူး။ သင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဈေးကွက်ရှာဖို့ မသိမ်းဆည်းပါဘူး။

  2. ၂။Functionality Cookies။ ဝက်ဘ်ဆိုက်မှာ သင်ရွေးချယ်ခဲ့တာတွေ (သင့် username၊ ဘာသာစကား ဒါမှမဟုတ် နေရာဒေသ) ကို မှတ်မိဖို့၊ ပိုကောင်းတဲ့ အသွင်အပြင်တွေ ပံ့ပိုးပေးဖို့ သုံးပါတယ်။ အဲဒီ cookies တွေက ဝက်ဘ်ဆိုက်အသုံးပြုမှုကို တိုးတက်ကောင်းမွန်စေတယ်၊ ဝက်ဘ်ဆိုက် လုပ်ဆောင်မှုကို ပိုကောင်းစေတယ်၊ ဝက်ဘ်ဆိုက်ကို ပုံစံပြောင်းပြီး သုံးလို့ရအောင် လုပ်ပေးတယ်။

  3. ၃။Diagnostic and Usage Cookies။ Diagnostic and usage data တွေကို သိမ်းဆည်းပေးဖို့ သုံးပါတယ်။ ဥပမာ၊ ဒီဝက်ဘ်ဆိုက်ကို ဝင်ကြည့်တဲ့အကြိမ်ရေ၊ ဒါမှမဟုတ် ကြည့်ရှုတဲ့ ပျမ်းမျှအချိန်ပမာဏစတဲ့ အချက်အလက်တွေကို သိစေတယ်။ ဝက်ဘ်ဆိုက်ရဲ့ ဒီဇိုင်း၊ လုပ်ဆောင်မှုတွေ တိုးတက်စေဖို့၊ ဝက်ဘ်ဆိုက် ခိုင်ခံ့နေစေဖို့ Diagnostic and usage data တွေကို သုံးပါတယ်။

cookies အများစုဟာ ကျွန်တော်တို့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ရဲ့ cookies တွေ ဖြစ်တယ်။ cookies တချို့က တခြားဝက်ဘ်ဆိုက်တွေရဲ့ cookies တွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ နမူနာ cookies စာရင်းမှာ တခြားဝက်ဘ်ဆိုက်ရဲ့ cookies တွေကို ကွဲကွဲပြားပြား ဖော်ပြထားပါတယ်။

IP addresses အသုံးပြုခြင်း။ IP address ဆိုတာ အင်တာနက်မှာ သင့်ရဲ့စက်ကို ခွဲခြားဖော်ပြပေးတဲ့ နံပါတ်သင်္ကေတ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက် အသုံးပြုပုံနဲ့ ပြဿနာတွေကို ခွဲခြားဆန်းစစ်နိုင်အောင် ကူညီပေးဖို့၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို တိုးတက်ကောင်းမွန်စေဖို့၊ ဝက်ဘ်ဆိုက် လုံခြုံရေးကို ပံ့ပိုးဖို့၊ ကာကွယ်ဖို့ သင့်ရဲ့ IP address နဲ့ browser အမျိုးအစားကို အသုံးပြုပါတယ်။

သင့်ရွေးချယ်မှု။ (အောက်ပါစာရင်းထဲက) ကျွန်တော်တို့ဝက်ဘ်ဆိုက် စာမျက်နှာတစ်ခုစီရဲ့ အောက်ဘက်မှာရှိတဲ့ “ကိုယ်ရေးလုံခြုံမှု ဆက်တင်များ” ကိုနှိပ်ပြီး cookies ဆက်တင်ကို ပြင်ဆင်နိုင်ပါတယ်။ မဖြစ်မနေလိုအပ်တဲ့ cookies တွေသုံးဖို့ အသုံးပြုသူရဲ့သဘောတူညီချက် ရယူခြင်းမရှိပေမဲ့ တခြား cookies တွေကိုအသုံးမပြုခင်မှာတော့ သင့်ခွင့်ပြုချက်ကို တောင်းခံပါမယ်။ ဝက်ဘ်ဆိုက် ဆင်တင်ကို စိတ်ကြိုက်ပြင်ဆင်လိုက်ပေမဲ့ ရှိပြီးသား cookies တွေကတော့ ပျက်သွားမှာမဟုတ်ဘူး။ ဖျက်ချင်ရင်တော့ browser ဆက်တင်ကနေ ဝင်ရောက်ပြီး ဖျက်နိုင်ပါတယ်။ ဒါပေမဲ့ cookies မသုံးရင် ကျွန်တော်တို့ ဝက်ဘ်ဆိုက်အသွင်အပြင်အားလုံးကနေ အကျိုးအပြည့်အဝ ခံစားနိုင်မှာ မဟုတ်ဘူး။ Cookies ကို ရှင်းတဲ့နည်းက browser တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ညွှန်ကြားချက် အပြည့်အစုံကို သင့် web browser ရဲ့ Help menu မှာ ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် www.allaboutcookies.org မှာ ကြည့်နိုင်ပါတယ်။

ကျွန်တော်တို့ ဝက်ဘ်ဆိုက်တွေရဲ့ Cookies အသုံးပြုပုံကို ကြည့်ဖို့ အောက်ပါ ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ကြည့်ပါ။

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်အတော်များများမှာ အသုံးပြုထားတဲ့ Cookies နဲ့ အလားတူ နည်းပညာများဆောင်းပါးကိုလည်း ကြည့်ပါ။