မာတိကာဆီ ကျော်သွား

ကိုယ်ရေးလုံခြုံမှု မူဝါဒ

ကိုယ်ရေးလုံခြုံမှု မူဝါဒ

ကိုယ်ရေးလုံခြုံမှုကို လေးစားခြင်း

 သင့်ကိုယ်ရေးလုံခြုံမှုကို ကျွန်တော်တို့ လေးစားကာကွယ်ပေးပါမယ်။ သင့်ထံမှ ရရှိတဲ့၊ သင်ဖော်ပြပေးတဲ့ ကိုယ်ရေးအချက်အလက် မှန်သမျှနဲ့ပတ်သက်ပြီး ဒီမူဝါဒကို ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါမယ်။ နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်း (“ကင်းမျှော်စင်”) က ပြင်ဆင်ပေးထားတဲ့ ဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်တွေကို ဝင်ရောက်လည်ပတ်တဲ့အခါ အခြေခံအချက်အလက်တချို့ကို သိမ်းဆည်းကာကွယ်ထိန်းသိမ်းဖို့၊ အသုံးပြုပုံကို အသိပေးဖို့ အရေးကြီးကြောင်း ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ဆီ ရွေးချယ်ဖော်ပြပေးနိုင်ပါတယ်။ ဒီမူဝါဒမှာ အသုံးပြုထားတဲ့ “ကိုယ်ရေးအချက်အလက်” ဆိုတာ သင့်နာမည်၊ အီးမေးလ် လိပ်စာ၊ နေရပ် လိပ်စာ၊ ဖုန်းနံပါတ် ဒါမှမဟုတ် သင်နဲ့ပတ်သက်ပြီး အသုံးပြုလို့ရတဲ့ တခြားအချက်အလက် မှန်သမျှကို ရည်ညွှန်းပါတယ်။ “ဝက်ဘ်ဆိုက်” ဆိုတာ ဒီဝက်ဘ်ဆိုက်နဲ့ apps.pr418.com, ba.pr418.com, stream.pr418.com, wol.pr418.com စတဲ့ ကျွန်တော်တို့ရဲ့ တွဲဖက် ဝက်ဘ်ဆိုက်တွေ ပါဝင်တယ်။

ဒေတာကာကွယ်ရေးကိုယ်စားလှယ် အချက်အလက်

 ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုနဲ့ ကျမ်းစာပညာပေးလုပ်ငန်းကို ထောက်မပေးနေတဲ့၊ အကျိုးအမြတ်မယူတဲ့ ကင်းမျှော်စင်အသင်းက ဒီဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်အားလုံးကို ပိုင်ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ မိမိဆန္ဒအလျောက် အကောင့် ဖွင့်တာ၊ အလှူငွေ ထည့်ဝင်တာ၊ လာလည်ပတ်ဖို့ တောင်းဆိုတာ၊ ကိုယ်ရေးအချက်အလက်တွေ ပေးပြီး လုပ်ဆောင်ရတာမျိုးတွေ လိုအပ်လာရင် ဒီမူဝါဒကို သဘောတူရပါမယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ ယေဟောဝါသက်သေတွေကို ထောက်မပေးနေတဲ့၊ ကင်းမျှော်စင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေက သင့်ရဲ့ တောင်းဆိုမှုကို ဆက်လက်လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ ဆာဗာတွေမှာ စုဆောင်းတာ၊ လုပ်ငန်းစဉ် ဆောင်ရွက်တာ၊ လွှဲပြောင်းတာ၊ သိမ်းဆည်းတာတွေကိုလည်း သဘောတူရပါမယ်။ ဒီဘာသာရေးအဖွဲ့အစည်းဟာ ဒေသရုံးခွဲတွေကတစ်ဆင့် တစ်ကမ္ဘာလုံးမှာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေပါတယ်။ ဒေသခံအသင်းတော်များ၊ ဌာနခွဲရုံးများ၊ ယေဟောဝါသက်သေများရဲ့ အလားတူ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်များကို ကာကွယ်ပေးခြင်းလည်း ပါဝင်ပါတယ်။

သင့်ကိုယ်ရေးအချက်အလက် ကာကွယ်ရေးကိုယ်စားလှယ်ဟာ ဝက်ဘ်ဆိုက် အသုံးပြုပုံပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဥပမာ၊ တခြားနိုင်ငံတစ်ခုက ကင်းမျှော်စင်အသင်းရဲ့ တရားဝင်အဖွဲ့အစည်းဆီ အလှူငွေ ထည့်ဝင်မယ်ဆိုရင် သင့်နာမည်၊ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကို ဖော်ပြပေးရပါမယ်။ လာလည်ပတ်ဖို့ တောင်းဆိုမယ်ဆိုရင် ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးနဲ့ အသင်းတော်ကို နာမည်နဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ ဖော်ပြပေးရပါမယ်။

သင်နေထိုင်တဲ့နိုင်ငံမှာ ဒေတာကာကွယ်မှုဥပဒေ ရှိမယ်ဆိုရင် အချက်အလက် ကာကွယ်ရေး အဆက်အသွယ် စာမျက်နှာမှာ အချက်အလက်တွေ ရှာတွေ့နိုင်ပါတယ်။

ဒေတာလုံခြုံရေးနဲ့ လျှို့ဝှက်ထားရေး

 ကိုယ်ရေးအချက်အလက် လုံခြုံရေးနဲ့ လျှို့ဝှက်ထားရေးကို ကျွန်တော်တို့ အလွန်အလေးအနက်ထားပါတယ်။ သင့်ကိုယ်ရေးအချက်အလက်တွေကို မဆိုင်သူတွေ မကြည့်ရှုဖို့၊ တလွဲ မသုံးဖို့၊ ခွင့်ပြုချက် မရှိဘဲ မပြုပြင်ဖို့၊ မဖျက်ဆီးဖို့၊ မတော်တဆ မပျောက်ပျက်ဖို့ နောက်ဆုံးပေါ် ဒေတာသိုလှောင်နည်း၊ လုံခြုံမှုနည်းပညာတွေကို အသုံးပြုထားပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်သူတွေ၊ တတိယအဖွဲ့တွေမှာ လျှို့ဝှက်ထားရမယ့်တာဝန် ရှိပါတယ်။ သင့်ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းထားတဲ့ ရည်ရွယ်ချက်အတွက်ဖြစ်စေ၊ တရားဥပဒေ၊ စည်းကမ်းချက်တွေအရ လိုအပ်နေသရွေ့ဖြစ်စေ သိမ်းဆည်းထားပါတယ်။

သင့်ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းတဲ့အခါ Transport Layer Security (TLS) စတဲ့ encryption နည်းတွေကို သုံးပါတယ်။ ကျွန်တော်တို့ဆီ တင်သွင်းတဲ့ အတွင်းရေးကိစ္စ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ချိတ်ဆက်ပစ္စည်းတွေ၊ အီလက်ထရောနစ်ပုံစံ၊ လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ကွန်ပျူတာစနစ်အတွင်း ဝင်ခွင့်ကို ကန့်သတ်ထားပါတယ်။ ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခွင့် မရှိအောင် လုံခြုံရေးစံနှုန်းတွေကို တင်းကျပ်ထားပါတယ်။

အရွယ်မရောက်သေးသူများ

 ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်တဲ့သူဟာ ကလေးသူငယ် ဖြစ်နေရင် မိဘအုပ်ထိန်းသူပါမှ ကိုယ်ရေးအချက်အလက်တွေကို တင်သွင်းရပါမယ်။ မိဘအုပ်ထိန်းသူ ဖြစ်မယ်၊ ကလေးသူငယ်ကို ဒီဝက်ဘ်ဆိုက်မှာ အချက်အလက်တွေ တင်သွင်းခွင့်ပြုရင် ကလေးသူငယ်ရဲ့ အသုံးပြုမှုနဲ့ပတ်သက်ပြီး ဒီမူဝါဒကို သဘောတူခြင်း ဖြစ်ပါတယ်။

ရွေးချယ်အသုံးပြုတဲ့ တခြားဝက်ဘ်ဆိုက်များ (Third Parties)

 တစ်ခါတလေ ဒီဝက်ဘ်ဆိုက် ဒါမှမဟုတ် ဆက်စပ်အက်ပ်တွေမှာ တခြားဝက်ဘ်ဆိုက်နဲ့ ချိတ်ဆက်ပေးတဲ့ လင့်ခ်တွေ ရှိနိုင်တယ်။ အဲဒီဝက်ဘ်ဆိုက်တွေက ကျွန်တော်တို့ကိုယ်စား လုပ်ငန်းဆောင်တာတချို့ (ဥပမာ၊ အွန်လိုင်းဖောင် ဖြည့်ခြင်း) ကို ဆောင်ရွက်ပေးတယ်။ ရွေးချယ်အသုံးပြုတဲ့ တခြားဝက်ဘ်ဆိုက်မှာ ရောက်ရှိနေကြောင်းကို မတူညီတဲ့ အသွင်အပြင်နဲ့ browser က လိပ်စာဘားတန်း ပြောင်းလဲသွားတာကို ကြည့်ပြီး သိနိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကတစ်ဆင့် ကိုယ်တောင်းဆိုတဲ့ အချက်အလက်ပေါ်မူတည်ပြီး တခြားဝက်ဘ်ဆိုက်က အီးမေးလ်တွေ၊ စာတိုတွေ ရနိုင်တယ်။ တခြားဝက်ဘ်ဆိုက်တွေကို ရွေးချယ်တဲ့အခါ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ ကိုက်ညီစေဖို့ သူတို့ရဲ့ ကိုယ်ရေးလုံခြုံမှုနဲ့ အချက်အလက် ထိန်းသိမ်းကာကွယ်ရေး မူဝါဒတွေကို စစ်ဆေးပါတယ်။ ဒါပေမဲ့ အဲဒီတခြားဝက်ဘ်ဆိုက်တွေက app တွေ၊ ပရိုဂရမ်ရေးဆွဲခြင်း ဝန်ဆောင်မှုတွေ၊ လိုက်နာရန်စည်းကမ်းတွေ၊ ကိုယ်ရေးလုံခြုံမှု မူဝါဒတွေ၊ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အထွေထွေ အခြေအနေတွေ ပြင်ဆင်ပေးထားပါတယ်။ ဒီအတွက်ကြောင့် ဒီဝက်ဘ်ဆိုက်ကနေ အဲဒီ app တွေ၊ ဝန်ဆောင်မှုတွေကို အသုံးပြုမယ်ဆိုရင် အဲဒီဝက်ဘ်ဆိုက် ချမှတ်ထားတဲ့ လိုက်နာရန်စည်းကမ်းများနဲ့ အထွေထွေ အခြေအနေတွေ လက်အောက်မှာ ရှိပါတယ်။ အပ်ဒိတ်လုပ်တာတွေကို ကျွန်တော်တို့ မသိနိုင်တဲ့အတွက် အဲဒီဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြုခင် လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်သုံးသပ်ပါ။ တခြားဝက်ဘ်ဆိုက်ရဲ့ မူဝါဒတွေနဲ့ပတ်သက်ပြီး သိချင်တာရှိရင် သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ကျေးဇူးပြု၍ ရှာကြည့်ပါ။

ဒီဝက်ဘ်ဆိုက်ကနေ ဂူဂဲလ်မြေပုံကို အသုံးပြုမယ်ဆိုရင် ဂူဂဲလ် ချမှတ်ထားတဲ့ ကိုယ်ရေးလုံခြုံမှု မူဝါဒကို လိုက်နာရပါမယ်။ ဂူဂဲလ်က တခြားဝက်ဘ်ဆိုက် ဖြစ်နေတဲ့အတွက် သူ့ရဲ့ app တွေ၊ ပရိုဂရမ်တွေ၊ လိုက်နာရန်စည်းကမ်းတွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ ဒီအတွက်ကြောင့် ဒီဝက်ဘ်ဆိုက်ကနေ ဂူဂဲလ်မြေပုံကို အသုံးပြုမယ်ဆိုရင် Google Maps/Google Earth ရဲ့ လိုက်နာရန်စည်းကမ်းများကို လိုက်နာဖို့လိုတယ်။ အပ်ဒိတ်လုပ်တာတွေကို ကျွန်တော်တို့ မသိနိုင်တဲ့အတွက် ဂူဂဲလ် မြေပုံဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှုတွေကို အသုံးမပြုခင် လိုက်နာရမယ့် စည်းကမ်းတွေကို ပြန်သုံးသပ်ပါ။ စည်းကမ်းတွေ မလိုက်နာနိုင်ဘူးဆိုရင် ဂူဂဲလ်မြေပုံ ဝန်ဆောင်မှုကို အသုံးမပြုပါနဲ့။

မူဝါဒအပြောင်းအလဲများကို အသိပေးခြင်း

 ပိုကောင်းတဲ့ဝန်ဆောင်မှု ပေးနိုင်ဖို့ ဒီဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်အားလုံးမှာ လုပ်ဆောင်မှုသစ်တွေ၊ ကဏ္ဍသစ်တွေထည့်ပြီး တိုးတက်အောင် မပြတ် ပြုပြင်ပေးနေပါတယ်။ ဒီလိုမပြတ်တမ်းပြောင်းလဲမှုတွေအပြင် ဥပဒေနဲ့ နည်းပညာ အပြောင်းအလဲတွေ ရှိတဲ့အတွက် အချက်အလက် လုပ်ဆောင်မှုတွေလည်း အခါအားလျော်စွာ ပြောင်းလဲပါမယ်။ မူဝါဒ ပြောင်းလဲဖို့ လိုအပ်တဲ့အခါ ကျွန်တော်တို့ စုဆောင်းတဲ့အချက်အလက်တွေ၊ အသုံးပြုပုံတွေကို အမြဲသတိပြုနိုင်အောင် ဒီစာမျက်နှာမှာ ဖော်ပြပါမယ်။

ACTIVE SCRIPTING ဒါမှမဟုတ် JAVASCRIPT

 ဒီဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်တွေရဲ့ လုပ်ဆောင်မှု ပိုကောင်းအောင် Scripting ကို သုံးထားပါတယ်။ Scripting နည်းပညာကို သုံးတဲ့အတွက် အချက်အလက်တွေကို အသုံးပြုသူဆီ အမြန်ဆုံး ပေးပို့နိုင်တယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဆက်စပ်အက်ပ်တွေက သင့်ကွန်ပျူတာထဲ ဆော့ဖ်ဝဲကို ထည့်သွင်းဖို့ဖြစ်စေ၊ ခွင့်ပြုချက်မရဘဲ သင့်ရဲ့အချက်အလက်တွေကို စုဆောင်းဖို့ဖြစ်စေ Scripting ကို လုံးဝ အသုံးမပြုပါ။

Browser မှာ တချို့အပိုင်းတွေကို ပိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ Active scripting ဒါမှမဟုတ် JavaScript ကို မဖြစ်မနေ သုံးရပါတယ်။ သတ်သတ်မှတ်မှတ် ဝက်ဘ်ဆိုက်တွေအတွက် Browser အများစုမှာ ဒီအသွင်အပြင်ကို သုံး၊ မသုံး ရွေးချယ်နိုင်တယ်။ အသုံးပြုမယ့် ဝက်ဘ်ဆိုက်တွေအတွက် JavaScript အသုံးပြုနိုင်ပုံကို သိနိုင်ဖို့ Browser အကူအညီဆိုတဲ့ အကွက်ကို ကြည့်ပါ။