မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဝေါလစ္စနှင့် ဖူတူနာကျွန်းစု

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဝေါလစ္စနှင့် ဖူတူနာကျွန်းစု

ကြေညာသူ ဖြစ်လာတဲ့အခါ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေကို (ယေဟောဝါသက်သေများရဲ့ ဒေသဆိုင်ရာ အသင်းတော်၊ ဌာနခွဲရုံး၊ ယေဟောဝါသက်သေများရဲ့ အလားတူ တွဲဖက် အဖွဲ့အစည်းတွေ အပါအဝင်) ယေဟောဝါသက်သေများ ကမ္ဘာချီ ဘာသာရေး အဖွဲ့အစည်းက တရားဝင် ဘာသာရေး လုပ်ပိုင်ခွင့်၊ ဥပဒေတို့နဲ့အညီ အသုံးပြုတယ် ဆိုတာကို အသိအမှတ်ပြုပါတယ်။ ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ကြေညာသူတွေက ဝတ်ပြုကိုးကွယ်မှုနဲ့ ဆက်နွှယ်နေတဲ့ ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်နိုင်ဖို့၊ ဘုရားရေးရာ အကူအညီ ရရှိနိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသင်းတော်ဆီ စိတ်လိုကိုယ်လျောက် ဖော်ပြကြတယ်။—၁ ပေတရု ၅:၂

ကြေညာသူတွေအနေနဲ့ ထပ်ဆင့် ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အခါ နောက်ထပ် ကိုယ်ရေးအချက်အလက်တွေ ပေးရနိုင်တယ်။ ကိုယ်ရေးအချက်အလက်တွေထဲမှာ နာမည်၊ မွေးနေ့၊ ကျား/မ၊ နှစ်ခြင်းခံတဲ့နေ့၊ ဆက်သွယ်ရန် အချက်အလက်၊ ဘာသာရေး သက်ဝင်ယုံကြည်မှု အခြေအနေ၊ အမှုဆောင် လုပ်ငန်း၊ တခြား အမှုဆောင် တာဝန်တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ပါဝင်နိုင်တယ်။ ကြေညာသူရဲ့ ဘာသာရေး ယုံကြည်ချက်ကို ဖော်ပြတဲ့ အချက်အလက်တွေ၊ အရေးကြီးတဲ့ တခြားအချက်အလက်တွေလည်း ပါဝင်နိုင်တယ်။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းဆိုတာ အချက်အလက် ကောက်ခံခြင်း၊ မှတ်တမ်းတင်ခြင်း၊ စီစဉ်ဖွဲ့စည်းခြင်း၊ တည်ဆောက်ခြင်း၊ သိမ်းဆည်းခြင်းတို့အပြင် ကိုယ်ရေးအချက်အလက်နဲ့ ပတ်သက်တဲ့ အလားတူ စီမံဆောင်ရွက်မှုတွေကို ဆိုလိုပါတယ်။

ဒီနိုင်ငံရဲ့ အချက်အလက် ကာကွယ်ခြင်း ဥပဒေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁၉၇၈၊ ဇန်နဝါရီ ၆၊ အက်ဥပဒေ ၇၈-၁၇။

ဒီအချက်အလက် ကာကွယ်ခြင်း ဥပဒေအရ ကြေညာသူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘာသာရေး ရည်ရွယ်ချက်နဲ့ အောက်ပါတို့အတွက် ယေဟောဝါသက်သေများ အသုံးပြုတာကို သဘောတူပါတယ်-

  • ယေဟောဝါသက်သေများရဲ့ အသင်းတော် အစည်းအဝေး၊ စေတနာ့ဝန်ထမ်း လုပ်ငန်း၊ စီမံကိန်းတို့မှာ ပါဝင်ခြင်း။

  • ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ ကျမ်းစာ ပညာပေး အစီအစဉ်အတွက် ရိုက်ကူးထုတ်လွှင့်တဲ့ အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတွေမှာ ပါဝင်ခြင်း။

  • ယေဟောဝါသက်သေများရဲ့ နိုင်ငံတော်ခန်းမ (ဝတ်ပြုစည်းဝေးတဲ့ နေရာ) ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ကြေညာသူ နာမည်၊ တာဝန်နဲ့အတူ ဖော်ပြထားတဲ့ အသင်းတော် တာဝန်၊ ခန့်အပ်ချက် တစ်မျိုးမျိုးကို ဆောင်ရွက်ခြင်း။

  • အသင်းတော် ကြေညာသူ မှတ်တမ်း ကတ်ပြားများကို ထိန်းသိမ်းခြင်း။

  • ယေဟောဝါသက်သေ အကြီးအကဲများရဲ့ ထိန်းကျောင်းခြင်း၊ ဂရုစိုက်ခြင်း (တမန်တော် ၂၀:၂၈။ ယာကုပ် ၅:၁၄၊ ၁၅)။

  • အရေးပေါ် အခြေအနေမှာ အသုံးပြုရမယ့် ဆက်သွယ်ရန် အချက်အလက်ကို မှတ်တမ်းတင်ခြင်း။

အထက်ပါ ရည်ရွယ်ချက်တွေအတွက်ဖြစ်စေ၊ တရားဥပဒေအရ ဖြစ်စေ ကိုယ်ရေးအချက်အလက်တွေကို လိုအပ်သရွေ့ သိမ်းဆည်းထားပါမယ်။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းအတွက် သတိပေးစာနှင့် သဘောတူညီချက် မှာ ကြေညာသူ လက်မှတ်မထိုးထားရင် အသင်းတော် တာဝန် ဒါမှမဟုတ် ဘာသာရေး လုပ်ဆောင်မှု တစ်မျိုးမျိုးမှာ ကြေညာသူ ပါဝင်သင့်မသင့် အကဲဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးအချက်အလက်တွေကို လိုအပ်တဲ့အခါ၊ သင့်တော်တဲ့အခါ ယေဟောဝါသက်သေများရဲ့ တွဲဖက် အဖွဲ့အစည်း တစ်ခုခုဆီ ပေးပို့ရနိုင်တယ်။ ယေဟောဝါသက်သေများရဲ့ တွဲဖက် အဖွဲ့အစည်းတချို့ဟာ အချက်အလက် ကာကွယ်ခြင်း စံနှုန်း ကွဲပြားတဲ့၊ ပို့လိုက်တဲ့ နိုင်ငံရဲ့ အချက်အလက် ကာကွယ်ခြင်း စံနှုန်းနဲ့ အမြဲ တူညီမှာ မဟုတ်တဲ့ နိုင်ငံတွေမှာ ရှိကြောင်း ကြေညာသူတွေ နားလည်သဘောပေါက်ပါတယ်။ ကိုယ်ရေးအချက်အလက် လက်ခံရရှိသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ ယေဟောဝါသက်သေများ ကမ္ဘာ့ဌာနချုပ်ရှိ တွဲဖက် အဖွဲ့အစည်းများ ပါဝင်နိုင်ကြောင်း၊ ယေဟောဝါသက်သေများရဲ့ ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒနဲ့အညီသာ အချက်အလက်တွေကို အသုံးပြုမှာ ဖြစ်ကြောင်း ကြေညာသူများ နားလည်သဘောပေါက်ပါတယ်။

ကြေညာသူတွေမှာ ယေဟောဝါသက်သေများ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ ဖျက်သိမ်းဖို့ ဒါမှမဟုတ် ကန့်သတ်ဖို့ တောင်းဆိုခွင့်၊ တိကျမှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ပြင်ခွင့် ရှိကြပါတယ်။ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက် အသုံးပြုခွင့် ပေးထားတာကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့ဝင် အချက်အလက် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ တရားဝင် ဘာသာရေး ရည်ရွယ်ချက်တွေအရ၊ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေမှာ ဖော်ပြထားတဲ့ တခြားတရားဝင် အကြောင်းရင်းတွေအရ ယေဟောဝါသက်သေများအနေနဲ့ ကြေညာသူရဲ့ သဘောတူညီချက် မရဘဲ ကိုယ်ရေးအချက်အလက်တချို့ကို ဆက်အသုံးပြုခွင့် ရှိပါတယ်။ လက်ရှိ နေထိုင်တဲ့ နိုင်ငံမှာ ရှိတဲ့ အချက်အလက် ကာကွယ်ကြီးကြပ်ပိုင်ခွင့်နဲ့အညီ ကန့်ကွက်ပိုင်ခွင့် ရှိကြောင်း ကြေညာသူတွေ သိထားကြပါတယ်။

ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်း၊ နည်းပညာ အကာအကွယ် အမျိုးမျိုးကို ယေဟောဝါသက်သေများ လက်ခံအသုံးပြုကြပါတယ်။ အထက်ပါ ရည်ရွယ်ချက်တွေအတွက် မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အခွင့်အာဏာရှိသူ အနည်းငယ်ကသာ ဝင်ရောက်ကြည့်ရှုခွင့် ရှိကြောင်း ကြေညာသူတွေ နားလည်သဘောပေါက်ပါတယ်။

တစ်စုံတစ်ရာ မေးမြန်းလိုပါက သက်ဆိုင်ရာ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အရာရှိထံ အောက်ပါအီးမေးလ်နဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်-

DataProtectionOfficer.NC@jw.org

ကြေညာသူတွေအနေနဲ့ မိမိတို့ နေထိုင်ရာနိုင်ငံအတွင်း အချက်အလက် ထိန်းချုပ်ရေးအတွက် သက်သေခံ အထောက်အထား၊ ဆက်သွယ်ရန် အချက်အလက်၊ ကိုယ်စားလှယ်၊ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အရာရှိတို့ကို jw.org အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အဆက်အသွယ်များ စာမျက်နှာမှာ တွေ့ရှိနိုင်ကြောင်း နားလည်သဘောပေါက်ပါတယ်။

ဘာသာရေး လုပ်ဆောင်မှု၊ ဥပဒေ၊ နည်းပညာ အပြောင်းအလဲတို့ကြောင့် ကျွန်တော်တို့ရဲ့ အချက်အလက် စီမံဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းတွေ အခါအားလျော်စွာ ပြောင်းလဲနိုင်ပါတယ်။ ဒီကိုယ်ရေးအချက်အလက် အသုံးပြုခြင်း စာမျက်နှာမှာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်လာရင် ကျွန်တော်တို့ ကောက်ခံတဲ့ အချက်အလက်တွေ၊ အသုံးပြုပုံတွေကို ကြေညာသူတွေ အမြဲ သတိပြုမိအောင် အပြောင်းအလဲတွေကို ဒီစာမျက်နှာမှာ ဖော်ပြပါမယ်။ အပြောင်းအလဲတွေကို သိဖို့ ဒီစာမျက်နှာကို မကြာမကြာ ပြန်ကြည့်စေချင်ပါတယ်။