မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—လစ်တန်စတိန်း

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—လစ်တန်စတိန်း

ကြေညာသူ ဖြစ်လာတဲ့အခါ (ယေဟောဝါသက်သေများရဲ့ ဒေသဆိုင်ရာ အသင်းတော်၊ ဒေသဆိုင်ရာ ဌာနခွဲရုံး၊ ယေဟောဝါသက်သေများရဲ့ အလားတူ တွဲဖက်အဖွဲ့အစည်းများ အပါအဝင်) ကမ္ဘာအနှံ့ရှိ ယေဟောဝါသက်သေများရဲ့ ဘာသာရေး အဖွဲ့အစည်းက တရားဝင် ဘာသာရေးအကျိုးအတွက် ကိုယ်ရေးအချက်အလက်ကို ဥပဒေနဲ့အညီ အသုံးပြုကြောင်း သိမှတ်ထားပါတယ်။ ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ကြေညာသူများဟာ မိမိတို့ရဲ့ ဝတ်ပြုကိုးကွယ်မှုနဲ့ဆက်နွှယ်တဲ့ ဘာသာရေးလုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့၊ ဘုရားရေးရာ အကူအညီ ရရှိနိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသင်းတော်အတွက် စိတ်လိုကိုယ်လျောက် ဖော်ပြကြပါတယ်။—၁ ပေတရု ၅:၂

ကြေညာသူများအနေနဲ့ ဘာသာရေး လုပ်ငန်းတွေမှာ ပါဝင်တဲ့အခါ ယေဟောဝါသက်သေများအတွက် နောက်ထပ် ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။ ကိုယ်ရေးအချက်အလက်မှာ နာမည်၊ မွေးနေ့၊ နှစ်ခြင်းခံတဲ့နေ့၊ ဆက်သွယ်ရမယ့်လိပ်စာ၊ ဘာသာရေး သက်ဝင်ယုံကြည်မှု အခြေအနေ၊ အမှုဆောင်လုပ်ငန်း၊ ယေဟောဝါသက်သေတွေမှာ သတ်မှတ်ထားရှိတဲ့ တခြားတာဝန်တွေ ပါဝင်နိုင်ပါတယ်။ ကြေညာသူရဲ့ ဘာသာရေး ယုံကြည်ချက်တွေကို ဖော်ပြတဲ့ အချက်အလက်တွေ၊ အရေးကြီးတဲ့ တခြားအချက်အလက်တွေလည်း ပါဝင်နိုင်ပါတယ်။ ကိုယ်ရေးအချက်အလက်ကို အသုံးပြုခြင်းဆိုတာ အချက်အလက် စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ စီစဉ်ဖွဲ့စည်းခြင်း၊ တည်ဆောက်ခြင်း၊ သိုလှောင်ခြင်းတို့အပြင် ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်ပြီး အလားတူ ကိုင်တွယ်စီမံဆောင်ရွက်မှုတွေကို ဆိုလိုပါတယ်။

ဒီနိုင်ငံရဲ့ အချက်အလက် ကာကွယ်ခြင်း ဥပဒေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

အချက်အလက် ကာကွယ်ခြင်း ဥပဒေ (DSG)။

ဒီအချက်အလက် ကာကွယ်ခြင်း ဥပဒေအရ ကြေညာသူများအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘာသာရေးရည်ရွယ်ချက်နဲ့ အောက်ပါတို့အတွက် ယေဟောဝါသက်သေများ အသုံးပြုဖို့ သဘောတူပါတယ်-

  • ယေဟောဝါသက်သေများရဲ့ ဒေသဆိုင်ရာ အသင်းတော် အစည်းအဝေး မှန်သမျှ၊ စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စီမံချက်တို့မှာ ပါဝင်ခြင်း။

  • အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတို့မှာ ပါဝင်ဖို့၊ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ ဘုရားရေးရာ လမ်းညွှန်ချက်တွေ ထုတ်လွှင့်ဖို့ ရွေးချယ်ခြင်း။

  • ယေဟောဝါသက်သေများရဲ့ နိုင်ငံတော်ခန်းမ (စည်းဝေးဝတ်ပြုတဲ့နေရာ) ကြော်ငြာသင်ပုန်းမှာ ကပ်ထားတဲ့ ကြေညာသူနာမည်၊ တာဝန် ပါဝင်တဲ့ အသင်းတော် တာဝန်တစ်ခုခုကို ဆောင်ရွက်ခြင်း၊ ဒါမှမဟုတ် အသင်းတော် တာဝန်တစ်မျိုးမျိုးကို ကျေပွန်ခြင်း။

  • အသင်းတော် ကြေညာသူ မှတ်တမ်း ကတ်ပြားများကို ထိန်းသိမ်းခြင်း။

  • ယေဟောဝါသက်သေ အကြီးအကဲများရဲ့ ထိန်းကျောင်းခြင်း၊ စောင့်ရှောက်ခြင်း (တမန်တော် ၂၀:၂၈။ ယာကုပ် ၅:၁၄၊ ၁၅)။

  • အရေးပေါ်အခြေအနေမှာ အသုံးပြုရမယ့် ဆက်သွယ်ရန် အချက်အလက်ကို မှတ်တမ်းတင်ခြင်း။

ကိုယ်ရေးအချက်အလက်တွေကို အထက်ပါ ရည်ရွယ်ချက်များအတွက်ဖြစ်စေ၊ တခြား တရားဥပဒေအရ လိုအပ်နေသရွေ့ဖြစ်စေ သိမ်းဆည်းထားပါမယ်။ ကြေညာသူတစ်ယောက်က ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းအတွက် သတိပေးစာနှင့် သဘောတူညီချက်ကို လက်မှတ်မထိုးထားရင် အသင်းတော်အတွင်း ကဏ္ဍတချို့၊ ဘာသာရေးလုပ်ငန်းတချို့မှာ ကြေညာသူ ပါဝင်သင့်မသင့် ယေဟောဝါသက်သေတွေအနေနဲ့ အကဲဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ကိုယ်ရေးအချက်အလက်ကို လိုအပ်တဲ့အခါ၊ သင့်လျော်တဲ့အခါမှာ ယေဟောဝါသက်သေများရဲ့ တွဲဖက်အဖွဲ့အစည်းတစ်ခုခုဆီ ပေးပို့နိုင်ပါတယ်။ ယေဟောဝါသက်သေများရဲ့ အဖွဲ့အစည်းတချို့ဟာ အချက်အလက် ကာကွယ်ခြင်းအဆင့် ကွဲပြားတဲ့၊ ပို့လိုက်တဲ့နိုင်ငံရဲ့ အချက်အလက် ကာကွယ်ခြင်းအဆင့် အမြဲတူညီမှာ မဟုတ်တဲ့ နိုင်ငံတွေမှာ တည်ရှိကြောင်း ကြေညာသူများ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ကိုယ်ရေးအချက်အလက်တွေကို လက်ခံရရှိသူတွေထဲမှာ အမေရိကန်ပြည်ထောင်စုမှာ တည်ရှိတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနချုပ်ရှိ တွဲဖက်အဖွဲ့အစည်းများ ပါဝင်နိုင်ကြောင်း၊ ယေဟောဝါသက်သေများရဲ့ ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒနဲ့အညီသာ အချက်အလက်ကို အသုံးပြုမှာဖြစ်ကြောင်း ကြေညာသူများ နားလည်သဘောပေါက်ပါတယ်။

ကြေညာသူတွေမှာ ယေဟောဝါသက်သေများ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုပိုင်ခွင့်၊ ဖျက်သိမ်းဖို့ ဒါမှမဟုတ် ဆောင်ရွက်မှုကို ကန့်သတ်ဖို့ တောင်းဆိုပိုင်ခွင့်၊ တိကျမှန်ကန်မှု မရှိတဲ့အချက်အလက်တွေကို ပြုပြင်ပိုင်ခွင့် ရှိကြပါတယ်။ ကြေညာသူများအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်များ အသုံးပြုခွင့် ပေးထားတာကို နောင်တစ်ချိန်ချိန်မှာ အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်ပါတယ်။ ကြေညာသူက ကိုယ်ရေးအချက်အလက် အသုံးပြုဖို့ သဘောတူညီမှုကို ရုပ်သိမ်းလိုက်မယ်ဆိုရင် ယေဟောဝါသက်သေများအနေနဲ့ ကြေညာသူရဲ့ သဘောတူညီချက် မရဘဲ ကိုယ်အရေးအချက်အလက်တချို့ကို ယေဟောဝါသက်သေများရဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့ဝင်အချက်အလက် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ တရားဝင်ဘာသာရေး ရည်ရွယ်ချက်များအရဖြစ်စေ၊ ကိုယ်ရေးအချက်အလက် ကာကွယ်ထိန်းသိမ်းရေးအတွက် ဖော်ပြတဲ့ တခြားတရားဝင်အကြောင်းပြချက်အရဖြစ်စေ ဆက်လက် အသုံးပြုသွားနိုင်ပါတယ်။ ကြေညာသူများဟာ မိမိတို့ လက်ရှိနေထိုင်တဲ့နိုင်ငံရှိ အချက်အလက် ကာကွယ်ကြီးကြပ်ပိုင်ခွင့်နဲ့အညီ ကန့်ကွက်ပိုင်ခွင့် ရှိကြောင်း သိရှိကြပါတယ်။

ယေဟောဝါသက်သေများဟာ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ဖို့ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်း၊ နည်းပညာအကာအကွယ် အမျိုးမျိုး လက်ခံအသုံးပြုကြပါတယ်။ ကြေညာသူများအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို အထက်ပါ ရည်ရွယ်ချက်များအတွက် အခွင့်အာဏာရှိသူအနည်းငယ်ကသာ ဝင်ရောက်ခွင့်ရှိကြောင်း နားလည်သဘောပေါက်ပါတယ်။

တစ်စုံတစ်ရာ မေးမြန်းလိုပါက သက်ဆိုင်ရာ အချက်အလက် ကာကွယ်ထိန်းသိမ်းရေးအရာရှိထံ အောက်ပါအီးမေးလ်နဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်-

အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အဆက်အသွယ်များ စာမျက်နှာကို ကြည့်ပါ။

ကြေညာသူများအနေနဲ့ မိမိတို့ နေထိုင်ရာနိုင်ငံ၊ သက်ဆိုင်တဲ့နေရာမှာ အချက်အလက် ထိန်းချုပ်ရေးအတွက် သက်သေခံ အထောက်အထား၊ ဆက်သွယ်ရန် အချက်အလက်၊ ကိုယ်စားလှယ်၊ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အရာရှိတို့ကို jw.org ရဲ့ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး အဆက်အသွယ်များ စာမျက်နှာမှာ တွေ့ရှိနိုင်ပါကြောင်း နားလည်သဘောပေါက်ပါတယ်။

ဘာသာရေးလုပ်ငန်းများ၊ ဥပဒေ၊ နည်းပညာ အပြောင်းအလဲတို့ကြောင့် ကျွန်တော်တို့ရဲ့ အချက်အလက် စီမံဆောင်ရွက်ပုံတွေ အခါအားလျော်စွာ ပြောင်းလဲနိုင်ပါတယ်။ ဒီကိုယ်ရေးအချက်အလက် အသုံးပြုခြင်း စာမျက်နှာကို ပြောင်းလဲဖို့ လိုအပ်ခဲ့ရင်တောင် ကျွန်တော်တို့ စုဆောင်းတဲ့ အချက်အလက်တွေ၊ အသုံးပြုပုံတွေကို ကြေညာသူတွေ အမြဲတမ်း သတိပြုနိုင်အောင် အပြောင်းအလဲတွေကို ဒီစာမျက်နှာမှာ ဖော်ပြပါမယ်။ အပြောင်းအလဲတွေအတွက် ဒီစာမျက်နှာကို မကြာမကြာ ပြန်လည်ကြည့်စေချင်ပါတယ်။