မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဂါနာ

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ဂါနာ

ယေဟောဝါသက်သေများရဲ့ ဒေသခံ အသင်းတော်၊ ဌာနခွဲရုံး၊ Jehovah’s Witnesses LBG ရဲ့ ခရစ်ယာန်အသင်းတော်၊ အလားတူ တွဲဖက် အဖွဲ့အစည်းတွေ အပါအဝင် ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ ဘာသာရေး အဖွဲ့အစည်း (“ယေဟောဝါသက်သေများ”) က လိုအပ်တဲ့ ဘာသာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကြေညာသူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဥပဒေနဲ့အညီ အသုံးပြုတယ်ဆိုတာကို ကြေညာသူဖြစ်လာသူက အသိအမှတ်ပြုပါတယ်။ ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ကြေညာသူတွေက ဝတ်ပြုကိုးကွယ်မှုနဲ့ ဆက်နွယ်နေတဲ့ ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်နိုင်ဖို့၊ ဝတ်ပြုရေးပိုင်း လိုအပ်တဲ့အကူအညီ ရရှိနိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသင်းတော်ဆီ စိတ်လိုကိုယ်လျောက် ဖော်ပြကြတယ်။—၁ ပေတရု ၅:၂

ကိုယ်ရေးအချက်အလက်တွေထဲမှာ နာမည်၊ မွေးနေ့၊ ကျား/မ၊ နှစ်ခြင်းခံတဲ့နေ့၊ ဆက်သွယ်ရန် အချက်အလက်၊ ဘာသာရေး သက်ဝင်ယုံကြည်မှု အခြေအနေ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်မှု၊ ယေဟောဝါသက်သေများကြားမှာ ထမ်းဆောင်နေတဲ့ တာဝန်တစ်စုံတစ်ရာ ဒါမှမဟုတ် ထပ်ဆင့် ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အခါ ပေးပို့ထားတဲ့ အချက်အလက်တို့ ပါဝင်တယ်။ ကြေညာသူရဲ့ ဘာသာရေး ယုံကြည်ချက်ကို ဖော်ပြတဲ့ အချက်အလက်တွေအပြင် အရေးကြီးတဲ့ တခြားကိုယ်ရေးအချက်အလက်တွေလည်း ပါဝင်နိုင်တယ်။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းဆိုတဲ့ စကားရပ်ထဲမှာ အချက်အလက် ကောက်ခံခြင်း၊ မှတ်တမ်းတင်ခြင်း၊ စီစဉ်ဖွဲ့စည်းခြင်း၊ သိမ်းဆည်းခြင်းအပြင် အလားတူ စီမံဆောင်ရွက်မှုတွေ ပါဝင်နိုင်တယ်။

ဂါနာနိုင်ငံရဲ့ အချက်အလက် ကာကွယ်ရေး ဥပဒေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်–

Data Protection Act, 2012 (Act 843)

ယေဟောဝါသက်သေများက ကြေညာသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အထက်ပါဥပဒေနဲ့အညီ အောက်ပါကိစ္စတွေ အပါအဝင် ဘာသာရေးကိစ္စတွေအတွက် အသုံးပြုပါတယ်–

  • ယေဟောဝါသက်သေများရဲ့ ဘာသာကို ထိန်းသိမ်းခြင်း၊ စီမံကွပ်ကဲခြင်း

  • ယေဟောဝါသက်သေများရဲ့ ဒေသခံအသင်းတော် အစည်းအဝေးမှာ ပါဝင်ခြင်း၊ စေတနာ့ဝန်ထမ်း လုပ်ငန်း/စီမံကိန်း တစ်ရပ်ရပ်မှာ ပါဝင်ခြင်း

  • ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ ကျမ်းစာ ပညာပေး အစီအစဉ်အတွက် ရိုက်ကူးထုတ်လွှင့်တဲ့ အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတွေမှာ ပါဝင်ခြင်း

  • အသင်းတော်မှာ တာဝန်တစ်ခုခု ပေးအပ်ခြင်း ဒါမှမဟုတ် ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်ခြင်း

  • အသင်းတော် ကြေညာသူ မှတ်တမ်း ကတ်ပြားများကို ထိန်းသိမ်းခြင်း

  • ယေဟောဝါသက်သေ အကြီးအကဲများရဲ့ ထိန်းကျောင်းခြင်း၊ ဂရုစိုက်ခြင်း (တမန်တော် ၂၀:၂၈။ ယာကုပ် ၅:၁၄၊ ၁၅)

  • အရေးပေါ် အခြေအနေမှာ အသုံးပြုရမယ့် ဆက်သွယ်ရန် အချက်အလက်ကို မှတ်တမ်းတင်ခြင်း

အထက်ပါ ရည်ရွယ်ချက် ဒါမှမဟုတ် တခြားခိုင်လုံတဲ့ အကြောင်းရင်းတွေအရ လိုအပ်သရွေ့ပဲ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားပါမယ်။ အကယ်၍ ကြေညာသူက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေ မပေးဘူး ဒါမှမဟုတ် ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်မှုကို ကန့်ကွက်မယ်ဆိုရင် ယေဟောဝါသက်သေများက အသင်းတော်အတွင်း တာဝန်တစ်ခုခုကို ကြေညာသူ လုပ်ဆောင်သင့်မသင့် ဒါမှမဟုတ် ဘာသာရေးလုပ်ဆောင်မှုတစ်မျိုးမျိုးမှာ ပါဝင်သင့်မသင့် အကဲဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ယေဟောဝါသက်သေများဟာ ကမ္ဘာချီအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကြေညာသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားနိုင်ငံကို လွှဲပြောင်းတာ၊ တခြားနိုင်ငံမှာ သိမ်းဆည်းတာတွေ ရှိနိုင်ပါတယ်။ အဲဒီနိုင်ငံတွေဟာ အချက်အလက်ကာကွယ်ရေးနဲ့ပတ်သက်လာရင် ကိုယ့်နိုင်ငံရဲ့ဥပဒေစံနှုန်းနဲ့ အမြဲမတူတာလည်း ဖြစ်နိုင်တယ်။ ယေဟောဝါသက်သေများက စံသတ်မှတ်ထားတဲ့ စာချုပ်စာတမ်းလို သဘောတူညီချက်တွေကို အသုံးပြုပြီး လွှဲပြောင်းလိုက်တဲ့ ဘယ်အချက်အလက်ကိုမဆို အတတ်နိုင်ဆုံး ကာကွယ်ဖို့ လုပ်ဆောင်တယ်။ ကိုယ်ရေးအချက်အလက် လက်ခံရရှိသူအားလုံးဟာ ယေဟောဝါသက်သေများဖြစ်ပြီး ကြေညာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယေဟောဝါသက်သေများရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒနဲ့အညီ အသုံးပြုပါတယ်။

ကြေညာသူတွေဟာ ယေဟောဝါသက်သေများ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ စီမံဆောင်ရွက်မှုကို ပြင်ဆင်/ဖျက်ဆီး/ပယ်ဖျက်/ကန့်ကွက်နိုင်ခွင့် ရှိပါတယ်။ ကြေညာသူတွေဟာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်ကို လုပ်ဆောင်မှုတချို့မှာ အသုံးပြုဖို့ ခွင့်ပြုထားပေမဲ့ တခြားလုပ်ဆောင်မှုတွေမှာ အသုံးမပြုဖို့ အချိန်မရွေး တောင်းဆိုနိုင်ပါတယ်။ ကြေညာသူတွေဘက်က ကိုယ်ရေးအချက်အလက် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းတယ်/ ကန့်ကွက်တယ်၊ ကိုယ်ရေးအချက်အလက်ကို ဖျက်ပေးဖို့/ အကန့်အသတ်နဲ့ စီမံဆောင်ရွက်ဖို့ တောင်းဆိုတယ်ဆိုရင်တောင် ယေဟောဝါသက်သေများက ကိုယ်ရေးအချက်အလက်တချို့ကိုတော့ လိုအပ်တဲ့ ဘာသာရေးလုပ်ငန်းစဉ်တွေအတွက် ဒါမှမဟုတ် အချက်အလက်ကာကွယ်ရေးဥပဒေအရ ဆက်လက်အသုံးပြုဖို့ လိုအပ်နိုင်တယ်။ ကြေညာသူတွေဟာ မိမိတို့ လက်ရှိနေထိုင်တဲ့နိုင်ငံက အချက်အလက် ကာကွယ်ရေးကြီးကြပ်သူအရာရှိဆီ တိုင်ကြားခွင့်ကြောင်း သိထားပါတယ်။

ယေဟောဝါသက်သေများက ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ အချက်အလက်ကာကွယ်ရေး ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းပိုင်း၊ နည်းပညာပိုင်းတွေမှာ အမျိုးမျိုး အကာအကွယ်ယူထားပါတယ်။ အထက်မှာဖော်ပြထားတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့ ကြေညာသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အခွင့်အာဏာရသူတချို့သာ ဝင်ရောက်ကြည့်ရှုခွင့်ရှိကြောင်း ကြေညာသူတွေ သိရှိနားလည်ပါတယ်။

တစ်စုံတစ်ရာ မေးမြန်းချင်ရင် သက်ဆိုင်ရာ အချက်အလက်ကာကွယ်ရေးတာဝန်ခံဆီ အောက်ပါအီးမေးလ်နဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်–

InboxLGLDPS.GH@jw.org

ကြေညာသူတွေအနေနဲ့ မိမိတို့ နေထိုင်ရာနိုင်ငံအတွင်းမှာရှိတဲ့ အချက်အလက် ထိန်းချုပ်သူ၊ ကိုယ်စားလှယ် ဒါမှမဟုတ် အချက်အလက်ကာကွယ်ရေးတာဝန်ခံတို့ရဲ့ နာမည်နဲ့ ဆက်သွယ်ရန်လိပ်စာတွေကို သိချင်ရင် (သက်ဆိုင်တယ်ဆိုရင်) jw.org ရဲ့ အချက်အလက် ကာကွယ်ခြင်း အဆက်အသွယ်များ စာမျက်နှာမှာ တွေ့ရှိနိုင်ကြောင်း နားလည်ထားပါတယ်။

ဘာသာရေး လုပ်ဆောင်မှု၊ ဥပဒေ၊ နည်းပညာ အပြောင်းအလဲတို့ကြောင့် ကျွန်တော်တို့ရဲ့ အချက်အလက် စီမံဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းတွေ အခါအားလျော်စွာ ပြောင်းလဲနိုင်ပါတယ်။ ဒီကိုယ်ရေးအချက်အလက် အသုံးပြုခြင်း စာမျက်နှာမှာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်လာရင် ကျွန်တော်တို့ ကောက်ခံတဲ့ အချက်အလက်တွေ၊ အသုံးပြုပုံတွေကို ကြေညာသူတွေ အမြဲ သတိပြုမိအောင် အပြောင်းအလဲတွေကို ဒီစာမျက်နှာမှာ ဖော်ပြပါမယ်။ အပြောင်းအလဲတွေကို သိဖို့ ဒီစာမျက်နှာကို မကြာမကြာ ပြန်ကြည့်စေချင်ပါတယ်။