မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ကိုလံဘီယာ

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း—ကိုလံဘီယာ

ကိုလံဘီယာနိုင်ငံက ယေဟောဝါသက်သေများရဲ့ ခရစ်ယာန်ဝတ်ပြုရာကျောင်း၊ ဒေသခံ အသင်းတော်၊ ဒေသခံ ဌာနခွဲရုံး၊ အလားတူ တွဲဖက် အဖွဲ့အစည်းတွေ အပါအဝင် ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ ဘာသာရေး အဖွဲ့အစည်း (“ယေဟောဝါသက်သေများ”) က လိုအပ်တဲ့ ဘာသာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကြေညာသူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဥပဒေနဲ့အညီ အသုံးပြုတယ်ဆိုတာကို ကြေညာသူဖြစ်လာသူက အသိအမှတ်ပြုပါတယ်။ ယေဟောဝါရဲ့ အလိုတော် ဆောင်ဖို့ ဖွဲ့စည်းထားခြင်း စာအုပ်မှာ ဖော်ပြထားတဲ့အတိုင်း ကြေညာသူတွေက ဝတ်ပြုကိုးကွယ်မှုနဲ့ ဆက်နွယ်နေတဲ့ ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်နိုင်ဖို့၊ ဝတ်ပြုရေးပိုင်း လိုအပ်တဲ့အကူအညီ ရရှိနိုင်ဖို့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အသင်းတော်ဆီ စိတ်လိုကိုယ်လျောက် ဖော်ပြကြတယ်။—၁ ပေတရု ၅:၂

ကိုယ်ရေးအချက်အလက်တွေထဲမှာ နာမည်၊ မွေးနေ့၊ ကျား/မ၊ နှစ်ခြင်းခံတဲ့နေ့၊ ဆက်သွယ်ရန် အချက်အလက်၊ ဘာသာရေး သက်ဝင်ယုံကြည်မှု အခြေအနေ၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်မှု၊ ယေဟောဝါသက်သေများကြားမှာ ထမ်းဆောင်နေတဲ့ တာဝန်တစ်စုံတစ်ရာ ဒါမှမဟုတ် ထပ်ဆင့် ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့အခါ ပေးပို့ထားတဲ့ အချက်အလက်တို့ ပါဝင်တယ်။ ကျန်းမာရေးကိစ္စ၊ လိင်ကိစ္စ၊ ကလေး/ဆယ်ကျော်သက်တွေရဲ့ကိစ္စ စသဖြင့် ကြေညာသူ အသိပေးထားတဲ့ အရေးကြီး ကိုယ်ရေးအချက်အလက်တွေအပြင် ကြေညာသူရဲ့ ဘာသာရေးယုံကြည်ချက်ကို ဖော်ပြတဲ့ အချက်အလက်တွေလည်း ပါဝင်နိုင်တယ်။ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းဆိုတဲ့ စကားရပ်ထဲမှာ အချက်အလက် ကောက်ခံခြင်း၊ မှတ်တမ်းတင်ခြင်း၊ စီစဉ်ဖွဲ့စည်းခြင်း၊ သိမ်းဆည်းခြင်းအပြင် အလားတူ စီမံဆောင်ရွက်မှုတွေ ပါဝင်နိုင်တယ်။

ကိုလံဘီယာနိုင်ငံရဲ့ အချက်အလက် ကာကွယ်ခြင်း ဥပဒေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်–

The Law on the Protection of Personal Data (Law 1581 of 2012) and its regulatory decrees.

ဒီအချက်အလက် ကာကွယ်ရေး ဥပဒေအရ ကြေညာသူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အောက်ပါကိစ္စတွေ အပါအဝင် ဘာသာရေးကိစ္စတွေအတွက် ယေဟောဝါသက်သေများ အသုံးပြုတာကို သဘောတူပါတယ်-

  • ယေဟောဝါသက်သေများရဲ့ ဘာသာကို ထိန်းသိမ်းခြင်း၊ စီမံကွပ်ကဲခြင်း

  • ယေဟောဝါသက်သေများရဲ့ ဒေသခံအသင်းတော် အစည်းအဝေးမှာ ပါဝင်ခြင်း၊ စေတနာ့ဝန်ထမ်း လုပ်ငန်း/စီမံကိန်း တစ်ရပ်ရပ်မှာ ပါဝင်ခြင်း

  • ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေများရဲ့ ကျမ်းစာ ပညာပေး အစီအစဉ်အတွက် ရိုက်ကူးထုတ်လွှင့်တဲ့ အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတွေမှာ ပါဝင်ခြင်း

  • အသင်းတော်မှာရရှိတဲ့ တာဝန်တစ်ရပ်ရပ်ကို ကိုင်တွယ်ခြင်း၊ ဆောင်ရွက်ခြင်း။ ယေဟောဝါသက်သေများရဲ့ နိုင်ငံတော်ခန်းမ ကြော်ငြာသင်ပုန်းမှာ ကြေညာသူရဲ့နာမည်နဲ့ တာဝန်ကို ဖော်ပြခြင်းပါဝင်

  • အသင်းတော် ကြေညာသူ မှတ်တမ်း ကတ်ပြားများကို ထိန်းသိမ်းခြင်း

  • ယေဟောဝါသက်သေ အကြီးအကဲများရဲ့ ထိန်းကျောင်းခြင်း၊ ဂရုစိုက်ခြင်း (တမန်တော် ၂၀:၂၈။ ယာကုပ် ၅:၁၄၊ ၁၅)

  • အရေးပေါ် အခြေအနေမှာ အသုံးပြုရမယ့် ဆက်သွယ်ရန် အချက်အလက်ကို မှတ်တမ်းတင်ခြင်း

အထက်ပါ ရည်ရွယ်ချက် ဒါမှမဟုတ် တခြားခိုင်လုံတဲ့ အကြောင်းရင်းတွေအရ လိုအပ်သရွေ့ပဲ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားပါမယ်။ အကယ်၍ ကြေညာသူက ကိုယ်ရေးအချက်အလက်အသုံးပြုခွင့် တောင်းခံခြင်းနှင့် အကြောင်းကြားခြင်း ဖောင်မှာ လက်မှတ်မထိုးဖို့၊ ကိုယ်ရေးအချက်အလက် အသုံးပြုခွင့်မပေးဖို့ ဆုံးဖြတ်မယ်ဆိုရင် ယေဟောဝါသက်သေများက အသင်းတော်အတွင်း တာဝန်တစ်ခုခုကို ကြေညာသူ လုပ်ဆောင်သင့်မသင့် ဒါမှမဟုတ် ဘာသာရေးလုပ်ဆောင်မှုတစ်မျိုးမျိုးမှာ ပါဝင်သင့်မသင့် အကဲဖြတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ယေဟောဝါသက်သေများဟာ ကမ္ဘာချီအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ကြေညာသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို တခြားနိုင်ငံကို လွှဲပြောင်းတာ၊ တခြားနိုင်ငံမှာ သိမ်းဆည်းတာတွေ ရှိနိုင်ပါတယ်။ အဲဒီနိုင်ငံတွေဟာ အချက်အလက်ကာကွယ်ရေးနဲ့ပတ်သက်လာရင် ကိုယ့်နိုင်ငံရဲ့ဥပဒေစံနှုန်းနဲ့ အမြဲမတူတာလည်း ဖြစ်နိုင်တယ်။ ယေဟောဝါသက်သေများဟာ စံသတ်မှတ်ထားတဲ့ စာချုပ်စာတမ်းလို သဘောတူညီချက်တွေကို အသုံးပြုပြီး လွှဲပြောင်းလိုက်တဲ့ ဘယ်အချက်အလက်ကိုမဆို အတတ်နိုင်ဆုံး ကာကွယ်ဖို့ လုပ်ဆောင်တယ်။ ကိုယ်ရေးအချက်အလက် လက်ခံရရှိသူအားလုံးဟာ ယေဟောဝါသက်သေများရဲ့ ကမ္ဘာချီ ဘာသာရေး အဖွဲ့အစည်းအဝင်ဖြစ်ပြီး ကြေညာသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ယေဟောဝါသက်သေများရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အချက်အလက် ကာကွယ်ခြင်း မူဝါဒနဲ့အညီ အသုံးပြုပါတယ်။

ကြေညာသူတွေဟာ ယေဟောဝါသက်သေများ သိမ်းဆည်းထားတဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခွင့်၊ ဖျက်သိမ်းဖို့/ အကန့်အသတ်နဲ့ စီမံဆောင်ရွက်ဖို့ တောင်းဆိုခွင့်၊ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ခွင့်၊ တိကျမှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ပြင်ဆင်ခွင့် ရှိပါတယ်။ အခွင့်အာဏာရရှိထားကြောင်း အထောက်အထားကို တောင်းဆိုခွင့်၊ အရေးကြီး ကိုယ်ရေးအချက်အလက် ဒါမှမဟုတ် ကလေး/ဆယ်ကျော်သက်ရဲ့ အချက်အလက်တွေကို ပေးမယ်၊ မပေးဘူးဆိုတာ ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အခြားဥပဒေတွေမှာ ဖော်ပြပါရှိတဲ့ မူတွေ၊ အခွင့်အရေးတွေ၊ သတ်မှတ်ချက်တွေနဲ့အညီ အချက်အလက်ကို စီမံဆောင်ရွက်ခြင်း မရှိဘူးဆိုရင် ကြေညာသူက အချက်အလက် အသုံးပြုခွင့်ပေးထားတာကို ဖျက်သိမ်းနိုင်တယ် ဒါမှမဟုတ် အချက်အလက်ကို ဖျက်ပေးဖို့ တောင်းဆိုနိုင်တယ်။ ကြေညာသူတွေဘက်က ကိုယ်ရေးအချက်အလက် အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းတယ် ဒါမှမဟုတ် ကိုယ်ရေးအချက်အလက်ကို ဖျက်ပစ်ဖို့ တောင်းဆိုတယ်ဆိုရင်တောင် ယေဟောဝါသက်သေများက ကိုယ်ရေးအချက်အလက်တချို့ကိုတော့ လိုအပ်တဲ့ ဘာသာရေးလုပ်ငန်းစဉ်တွေအတွက် ဒါမှမဟုတ် အချက်အလက်ကာကွယ်ရေးဥပဒေပါ ဥပဒေတောင်းဆိုချက်တွေအရ ဆက်လက်အသုံးပြုဖို့ လိုအပ်နိုင်တယ်။ ကိုလံဘီယာနိုင်ငံရဲ့ စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအရာရှိထံ တစ်စုံတစ်ရာ တိုင်ကြားခွင့်ကြောင်း ကြေညာသူတွေ သိထားပါတယ်။

ယေဟောဝါသက်သေများက ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ အချက်အလက်ကာကွယ်ရေး ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းပိုင်း၊ နည်းပညာပိုင်းတွေမှာ အမျိုးမျိုး အကာအကွယ်ယူထားပါတယ်။ အထက်မှာဖော်ပြထားတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့ ကြေညာသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို အခွင့်အာဏာရသူတချို့သာ ဝင်ရောက်ကြည့်ရှုခွင့် ရှိကြောင်း ကြေညာသူတွေ သဘောပေါက်ပါတယ်။

တစ်စုံတစ်ရာ မေးမြန်းချင်ရင် သက်ဆိုင်ရာ အချက်အလက်ကာကွယ်ရေးတာဝန်ခံဆီ အောက်ပါအီးမေးလ်နဲ့ စုံစမ်းမေးမြန်းနိုင်ပါတယ်–

DataProtectionOfficer.CO@jw.org

ကြေညာသူတွေအနေနဲ့ မိမိတို့ နေထိုင်ရာနိုင်ငံအတွင်းမှာရှိတဲ့ အချက်အလက် ထိန်းချုပ်သူ၊ ကိုယ်စားလှယ် ဒါမှမဟုတ် အချက်အလက်ကာကွယ်ရေးတာဝန်ခံတို့ရဲ့ နာမည်နဲ့ ဆက်သွယ်ရန်လိပ်စာတွေကို သိချင်ရင် (သက်ဆိုင်တယ်ဆိုရင်) jw.org ရဲ့ အချက်အလက် ကာကွယ်ခြင်း အဆက်အသွယ်များ စာမျက်နှာမှာ တွေ့ရှိနိုင်ကြောင်း သိထားပါတယ်။

တစ်စုံတစ်ရာ မေးမြန်းတောင်းဆိုချင်ရင် တောင်းခံစာကို နိုတြီထောက်ခံချက်ယူပြီး စကင်ဖတ်ပါ။ စာပြန်ရမယ့် အီးမေးလ်လိပ်စာကိုလည်း တစ်ပါတည်း ဖော်ပြပါ။ တောင်းခံစာမှာ လိုအပ်တဲ့အချက်အလက်တွေ မပါရှိဘူးဆိုရင် နှစ်လအတွင်း ဖြည့်ပြီး ပြန်ပို့ပေးဖို့ အလုပ်လုပ်ရက် ၅ ရက်အတွင်း စာပြန်ပါမယ်။ သင့်ဘက်က နှစ်လအတွင်း စာမပြန်ရင် တောင်းဆိုချက်ကို ရုပ်သိမ်းတယ်လို့ မှတ်ယူပါမယ်။ သတ်မှတ်ချက်အတိုင်း ပေးပို့လာတဲ့ မေးမြန်းမှုတစ်စုံတစ်ရာကို အလုပ်လုပ်ရက် ၁၀ ရက်အတွင်း စာပြန်ပါမယ်။ တိုင်ကြားမှုတစ်စုံတစ်ရာကို အလုပ်လုပ်ရက် ၁၅ ရက်အတွင်း စာပြန်ပါမယ်။ စာပြန်တဲ့အချိန်ကာလကို ထပ်တိုးနိုင်ပါတယ် ဒါမှမဟုတ် တည်ဆဲဥပဒေပါ သတ်မှတ်ချက်တွေအရ ဖြေကြားသွားပါမယ်။

ဘာသာရေး လုပ်ဆောင်မှု၊ ဥပဒေ၊ နည်းပညာ အပြောင်းအလဲတွေကြောင့် ယေဟောဝါသက်သေများရဲ့ အချက်အလက် စီမံဆောင်ရွက်မှု လုပ်ထုံးလုပ်နည်းတွေ အခါအားလျော်စွာ ပြောင်းလဲနိုင်ပါတယ်။ အပြောင်းအလဲလုပ်ဖို့ လိုအပ်လာရင် အပြောင်းအလဲတွေကို ဒီကိုယ်ရေးအချက်အလက် အသုံးပြုခြင်း စာမျက်နှာမှာပဲ ဖော်ပြသွားပါမယ်။ ကောက်ခံတဲ့ အချက်အလက်တွေ၊ အသုံးပြုပုံတွေကို ကြေညာသူတွေ အမြဲ သိနိုင်ဖို့ပါ။ ဒါကြောင့် အပြောင်းအလဲတွေကို သိနိုင်ဖို့ ဒီစာမျက်နှာကို မကြာမကြာ ပြန်ကြည့်စေချင်ပါတယ်။