မာတိကာဆီ ကျော်သွား

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒ

ကိုယ်ရေးအချက်အလက် အသုံးပြုခြင်းနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ မူဝါဒ

သင် တောင်းဆိုထားတဲ့ ရည်ရွယ်ချက် ဖြစ်မြောက်ရေးသက်သက်အတွက်ပဲ သင့်ကိုယ်ရေးအချက်အလက်တွေကို လက်ခံ၊ သိမ်းဆည်း၊ အသုံးပြုပါတယ်။ အဲဒီအချက်အလက်တွေကို သင်တောင်းဆိုတဲ့ ရည်ရွယ်ချက် ပြီးမြောက်ချိန်အထိပဲ ဒါမှမဟုတ် ဥပဒေ တောင်းဆိုချက်အရ အချိန်အတိုင်းအတာတစ်ခုအထိပဲ သိမ်းဆည်းထားတယ်။ တကယ်လို့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို မဖြည့်ရင် ဝက်ဘ်ဆိုက်ရဲ့ တချို့အပိုင်းတွေကို မဝင်ရောက်နိုင်တာ၊ နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းက ပြင်ဆင်ပေးထားတဲ့ ဆက်စပ်အက်ပ်တချို့ကို သုံးလို့မရတာ၊ သင့်တောင်းဆိုမှုကို ကျွန်တော်တို့ မတုံ့ပြန်နိုင်တာမျိုး ဖြစ်နိုင်တယ်။

အချက်အလက် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက် ဖြစ်မြောက်ဖို့ ပါဝင်ဆောင်ရွက်သူတွေ၊ နည်းပညာပိုင်း ပြုပြင်ထိန်းသိမ်းမှုမှာ ပါဝင်တဲ့ နည်းပညာရှင်တွေက သင့်တောင်းခံလွှာ/လျှောက်လွှာပါ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်တယ်။ အောက်ဖော်ပြပါ ရည်ရွယ်ချက်တွေအတွက်ကလွဲလို့ သင့်ကိုယ်ရေးအချက်အလက်တွေကို ဘယ်သူ့ကိုမှ မပေးပါဘူး– (၁) အထက်မှာရှင်းပြခဲ့သလို သင် တောင်းဆိုတဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့ ဖြစ်တယ်။ (၂) တည်ဆဲဥပဒေ ဒါမှမဟုတ် နည်းဥပဒေပါ တောင်းဆိုချက်တွေအရ အချက်အလက်တွေ ဖော်ပြဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ စိတ်ရင်းနဲ့ ယူဆလို့ ဖြစ်တယ်။ (၃) ဥပဒေ အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်။ (၄) လုံခြုံရေးအတွက်၊ နည်းပညာပိုင်းဆိုင်ရာ လိမ်လည်မှုကို ထုတ်ဖော်ဖို့၊ ကာကွယ်တားဆီးဖို့ ဖြစ်တယ်။ အထက်ပါ ရည်ရွယ်ချက်တွေအတွက်ပဲ အခြားတစ်ယောက်ကို သင့်ကိုယ်ရေးအချက်အလက်တွေ ပေးသိပါမယ်။ ဒီဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်အားလုံးကို အသုံးပြုခြင်းက သင့်သဘောတူညီမှုကို ဖော်ပြတယ်။ သင် ဖော်ပြထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ရောင်းချခြင်း၊ ဖလှယ်ခြင်း၊ ငှားရမ်းခြင်း မပြုလုပ်ပါ။

ဝက်ဘ်ဆိုက်မှာ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း

ဒီဝက်ဘ်ဆိုက်ပါ အကြောင်းအရာ အများစုကို စာရင်းသွင်းစရာ မလိုဘဲ ဒါမှမဟုတ် အချက်အလက် ဖြည့်စရာ မလိုဘဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တချို့အပိုင်းတွေကိုတော့ စာရင်းသွင်းထားသူတွေ၊ တောင်းခံလွှာ/လျှောက်လွှာ ဖြည့်ထားသူတွေ၊ ယေဟောဝါသက်သေများရဲ့ အသင်းတော် တစ်ခုခုကနေ jw.org သုံးပြီး ကိုယ်ရေးအချက်အလက် ဖြည့်ထားသူတွေပဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ သင် သဘောတူထားတဲ့အတိုင်းပဲ ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ အသုံးပြုပါတယ်။ ကိစ္စတချို့မှာ သဘောတူညီချက်ကို သင် ရုပ်သိမ်းလိုက်ပေမဲ့ သက်ဆိုင်ရာ ဥပဒေ တောင်းဆိုချက်တွေကြောင့် သင့်အချက်အလက်တွေကို ကျွန်တော်တို့ ဆက်အသုံးပြုရတဲ့ ခိုင်လုံတဲ့ အကြောင်းရင်းတွေ ရှိနိုင်ပါတယ်။

ဝက်ဘ်ဆိုက်မှာ ကိုယ်ရေးအချက်အလက် တင်သွင်းချိန်က ရည်ရွယ်ချက်အတွက်ပဲ အချက်အလက်တွေကို အသုံးပြုပါတယ်။ အောက်ပါ ရည်ရွယ်ချက်တွေ ဖြစ်နိုင်ပါတယ်။

အကောင့်များ။ ဒီဝက်ဘ်ဆိုက်မှာ သင် အကောင့်ဖွင့်တုန်းက ရေးဖြည့်ထားတဲ့ အီးမေးလ်လိပ်စာကို သင့်အကောင့်နဲ့ပတ်သက်ပြီး ဆက်သွယ်ဖို့လိုအပ်လာတဲ့အခါ အသုံးပြုသွားပါမယ်။ ဥပမာ၊ သင်က အသုံးပြုသူနာမည် ဒါမှဟုတ် စကားဝှက်ကို မေ့သွားလို့ ပြန်ဝင်နိုင်ဖို့ အကူအညီ တောင်းတဲ့အခါ ကျွန်တော်တို့က သင့်အီးမေးလ်လိပ်စာဆီ စာပေးပို့ပြီး အကူအညီတွေ ပေးသွားပါမယ်။

My Profile စာမျက်နှာ။ အကောင့်ဖွင့်ပြီးတဲ့နောက် My Profile စာမျက်နှာကို ဝင်လို့ရအောင် အသင်းတော်အတွင်းရေးမှူးက သင့်ကို ခွင့်ပြုပေးနိုင်တယ်။ hub.pr418.com ရဲ့ My Profile စာမျက်နှာမှာ ကိုယ်ရေးအချက်အလက်တွေ ထပ်ဖြည့်မယ်ဆိုရင် မေးခွန်းတစ်ခု အမေးခံရပါလိမ့်မယ်။ အမှုဆောင်လုပ်ငန်းတစ်ခုခုမှာ လိုအပ်ရင် သင့်ကို အသုံးပြုနိုင်ဖို့ My Profile စာမျက်နှာမှာ သင်ဖြည့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုလို့ရမရ၊ သင့်ကို ဆက်သွယ်လို့ရမရ ဆိုတဲ့ မေးခွန်းပါ။ စီမံကိန်းတစ်ခုခုမှာ သင် ပါဝင်ကူညီချင်တယ်၊ My Profile စာမျက်နှာမှာ သင့်ကျွမ်းကျင်မှုတွေကို ဖြည့်သွင်းထားတယ်ဆိုရင် စီမံကိန်းတစ်ခုခုမှာ သင့်ကို သုံးလို့ရမရ စိစစ်ပိုင်းဖြတ်နိုင်မယ်။ လိုအပ်မယ်ဆိုရင် သင့်အချက်အလက်တွေကို စီမံဆောင်ရွက်ဖို့ ယေဟောဝါသက်သေတွေရဲ့ တခြားဌာနခွဲရုံး ဒါမှမဟုတ် အလားတူ တရားဝင်အဖွဲ့အစည်းတစ်ခုခုနဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ဆီ ပေးပို့နိုင်တယ်။

လျှောက်လွှာများ။ ယေဟောဝါသက်သေများရဲ့ ယုံကြည်ချက်၊ မူဝါဒတွေအရ သင် အရည်အချင်း ပြည့်မီတယ်ဆိုရင် အကောင့် ဖွင့်ဖို့၊ လျှောက်လွှာတင်ဖို့ ဒီဝက်ဘ်ဆိုက်ကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ် အသင်းတော်က သင့်ကိုယ်စား လျှောက်လွှာဖြည့်ဖို့ ဒီဝက်ဘ်ဆိုက်ကို သုံးနိုင်ပါတယ်။ လျှောက်လွှာတစ်ခုစီဟာ ဘာသာရေးလုပ်ငန်း တိုးချဲ့မှုအတွက် လျှောက်ထားခြင်း ဒါမှမဟုတ် အစည်းအဝေးကြီးများ၊ စည်းဝေးပွဲများ ဒါမှမဟုတ် တခြားအခါသမယအတွက် နေရာထိုင်ခင်း တောင်းဆိုခြင်း သို့မဟုတ် ကမ်းလှမ်းခြင်းလိုမျိုး အသုံးပြုရတဲ့ ရည်ရွယ်ချက်ကို ဖော်ပြပါတယ်။ လျှောက်လွှာမှာပါတဲ့ ကိုယ်ရေးအချက်အလက်တွေမှာ သင်ကိုယ်တိုင်၊ ဒေသခံ အကြီးအကဲတွေ၊ သက်ဆိုင်ရာ တိုက်နယ်ကြီးကြပ်မှူး တင်သွင်းတဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်နိုင်တယ်။ လျှောက်လွှာကို သုံးသပ်ဖို့၊ ဆက်လက်စီမံဆောင်ရွက်သွားဖို့၊ သင့်ကိုယ်ရေးအကျဉ်း ဖန်တီးဖို့ပဲ အချက်အလက်တွေကို အသုံးပြုပါမယ်။ လျှောက်လွှာကို ဆက်လက်စီမံဆောင်ရွက်ဖို့ လိုအပ်ရင် လျှောက်လွှာပါ အချက်အလက်တွေကို တခြားဌာနခွဲတွေ၊ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ် ဒါမှမဟုတ် နိုင်ငံအသီးသီးမှာ ရှိတဲ့ ယေဟောဝါသက်သေများရဲ့ တွဲဖက်အဖွဲ့အစည်းတွေဆီ ပို့နိုင်ပါတယ်။ အခြေအနေတစ်ခုစီအပေါ် မူတည်ပြီး လျှောက်လွှာတွေကို သုံးသပ်ပါတယ်။ အလိုအလျောက် မဆုံးဖြတ်ပေးပါ။

အထူးအစည်းအဝေးကြီးနဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး။ အထူးအစည်းအဝေးကြီးနဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး (အစည်းအဝေးကြီး) အတွက် လျှောက်လွှာဖြည့်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုရင် လျှောက်လွှာတင်ဖို့ ဒီဝက်ဘ်ဆိုက်ကို သုံးနိုင်တယ်။ “လျှောက်လွှာများ” ဆိုတဲ့ အထက်အပိုဒ်မှာ လျှောက်လွှာအားလုံးနဲ့သက်ဆိုင်တဲ့ ထပ်ဆင့်အချက်အလက်တွေ ဖော်ပြထားတယ်။

ကိုယ်စားလှယ်တွေ။ အစည်းအဝေးကြီးအတွက် အသုံးပြုတဲ့ ကိုယ်ရေးအချက်အလက်တွေထဲမှာ သင့်ကိုဆက်သွယ်နိုင်တဲ့ အချက်အလက်၊ မွေးနေ့၊ အုပ်စုအချက်အလက်၊ တည်းခိုမယ့်နေရာ အချက်အလက်၊ ဆိုက်ရောက်/ထွက်ခွာချိန် အပါအဝင် တခြားလိုအပ်တဲ့အချက်အလက်တွေ ပါဝင်တယ်။ ကိုယ်စားလှယ်ဖြစ်ဖို့ ရွေးချယ်ခံရတယ်ဆိုရင် သင့်ကိုယ်ရေးအချက်အလက်ကို အစည်းအဝေးကြီး ကျင်းပမယ့်နေရာက ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးဆီ ပေးပို့ပါမယ်။ ဒါ့အပြင် အစည်းအဝေးကြီး ဧည့်ဝတ်ပြုရေးကော်မတီမှာ အလုပ်လုပ်သူတွေကလည်း သင့်ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုကြပါမယ်။ အစည်းအဝေးကြီးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့၊ သင့်ခရီးစဉ်နဲ့ပတ်သက်ပြီး လိုအပ်ရာတွေ စီစဉ်ဖို့၊ အစည်းအဝေးကြီးနဲ့သက်ဆိုင်တဲ့ ပွဲတွေ၊ အစီအစဉ်တွေကို စီစဉ်ကြီးကြပ်ဖို့ပါ။ ဒါ့အပြင် ဟိုတယ်ခန်း ကြိုတင်စီစဉ်ဖို့၊ တခြားလိုအပ်ရာတွေ လုပ်ဆောင်နိုင်ဖို့လည်း သင့်ကိုယ်ရေးအချက်အလက်တွေကို သင်တည်းခိုမယ့် ဟိုတယ်၊ ဟိုတယ်နဲ့ ပတ်သက်ဆက်နွယ်သူတွေ၊ တခြားဝန်ဆောင်မှုပေးသူတွေကို ပေးရပါလိမ့်မယ်။ သင်ရွေးချယ်ထားတဲ့ အစီအစဉ်တွေအတွက် ဝန်ဆောင်မှုပေးမယ့်သူတွေကိုလည်း သင့်ကိုယ်ရေးအချက်အလက်တွေ ပေးရပါမယ်။ သင့်ကိုယ်ရေးအချက်အလက်တွေ မပေးဘူး ဒါမှမဟုတ် ပေးထားတဲ့အချက်အလက်တွေကို ဖျက်ပေးဖို့ တောင်းဆိုခဲ့ရင် အစည်းအဝေးကြီးကိုယ်စားလှယ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတော့မှာ မဟုတ်ပါဘူး။ သင့်ကိုယ်ရေးအချက်အလက်တွေကို လိုအပ်ချိန်အထိ သိမ်းဆည်းထားပြီးနောက် ဖျက်ပစ်ပါမယ်။

အထူးဟောပြောခြင်း ကင်ပိန်း။ အထူးဟောပြောခြင်း ကင်ပိန်း (“ကင်ပိန်း”) အတွက် အရည်အချင်းပြည့်မီတယ်ဆိုရင် ဒီဝက်ဘ်ဆိုက်ကို သုံးပြီး လျှောက်လွှာတင်နိုင်ပါတယ်။ လျှောက်လွှာအားလုံးနဲ့ သက်ဆိုင်တဲ့ ထပ်ဆင့်အချက်အလက်တွေကို အထက်မှာဖော်ပြထားတဲ့ “လျှောက်လွှာများ” ခေါင်းစဉ်ငယ်အောက်မှာ ကြည့်ပါ။ ကင်ပိန်းမှာ ပါဝင်ဖို့ သင် ရွေးချယ်ခံရရင် သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို ကင်ပိန်းကျင်းပတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးဆီ ပို့ပေးမှာဖြစ်တယ်။ ကင်ပိန်းအတွက် အသုံးပြုတဲ့ ကိုယ်ရေးအချက်အလက်ထဲမှာ သင့်ကို ဆက်သွယ်နိုင်တဲ့ အချက်အလက်၊ အုပ်စုအချက်အလက်၊ တည်းခိုရေးအချက်အလက်၊ ဆိုက်ရောက်/ထွက်ခွာ အချက်အလက်၊ ဘာသာစကားကျွမ်းကျင်မှု၊ ကင်ပိန်းလျှောက်လွှာမှာ သင်ဖြည့်ထားတဲ့ တခြားအချက်အလက်တွေ ပါဝင်တယ်။ ကင်ပိန်းကျင်းပတဲ့ ဌာနခွဲလက်အောက်မှာရှိတဲ့ အထူးဟောပြောခြင်း ကင်ပိန်းကော်မတီက ကင်ပိန်းစီစဉ်ဖွဲ့စည်းရာမှာ၊ နယ်မြေခန့်အပ်ရာမှာ၊ တည်းခိုဖို့ စီစဉ်ပေးရာမှာ သင့်ရဲ့ ကိုယ်ရေးအချက်အလက်ကို အသုံးပြုပါမယ်။ သင်တာဝန်ကျရာဒေသရဲ့ အသင်းတော်အကြီးအကဲတွေနဲ့ ဒေသကိုယ်စားလှယ်က ကင်ပိန်းကို စီစဉ်ဖို့ သင့်ကိုယ်ရေးအချက်အလက်ကို အသုံးပြုပါမယ်။ သင်က ကိုယ်ရေးအချက်အလက် မပေးဘူး ဒါမှမဟုတ် ပေးထားတဲ့ ကိုယ်ရေးအချက်အလက်ကို ဖျက်ပေးဖို့ တောင်းဆိုမယ်ဆိုရင် ကင်ပိန်းမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီမှာ မဟုတ်ပါဘူး။

သင်တန်းများ။ ဆောက်လုပ်ရေး စီမံကိန်းအပါအဝင် စီမံကိန်းတစ်ခုခုမှာ ပါဝင်ဖို့ သင် အရည်အချင်းပြည့်မီတယ်ဆိုရင် သင်တန်းစီစဉ်သူက သင့်ကို သင်တန်းတက်ရောက်ဖို့ ဖိတ်ခေါ်နိုင်တယ်။ ဖိတ်ခေါ်ချက်ကို လက်ခံတာဖြစ်ဖြစ်၊ ငြင်းဆန်တာဖြစ်ဖြစ်၊ တက်ရောက်ဖို့ စာရင်းသွင်းထားတာကို သင်တန်းမစခင် ဖျက်သိမ်းတာဖြစ်ဖြစ် လုပ်လို့ရတယ်။ ဖိတ်ခေါ်ချက်ကို လက်ခံတယ်ဆိုရင် သင်တန်း တက်ရောက်ထားကြောင်းမှတ်တမ်း၊ သင်တန်းတက်လို့အပြီးမှာ သင့်အခြေအနေ ဘယ်လိုရှိကြောင်း မှတ်တမ်းနဲ့တကွ မှတ်ချက်တွေကို သင်တန်းနည်းပြတွေက သိမ်းထားမှာဖြစ်တယ်။ ဒါ့အပြင် hub.pr418.com ရဲ့ My Profile စာမျက်နှာမှာ သင်ထပ်ဖြည့်ထားတဲ့ ကျွမ်းကျင်မှုတွေကို သင်တန်း ကြီးကြပ်သူတွေ၊ နည်းပြတွေက ပြန်လည်ကြည့်ရှုစိစစ်နိုင်တယ်။ သင့်အချက်အလက်တွေကို စီမံဆောင်ရွက်ဖို့ ယေဟောဝါသက်သေတွေရဲ့ တခြားဌာနခွဲရုံး ဒါမှမဟုတ် တရားဝင်အဖွဲ့အစည်းတစ်ခုခုနဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ဆီ ပေးပို့နိုင်တယ်။

အလှူငွေများ။ အွန်လိုင်းကနေ လှူဒါန်းတယ်ဆိုရင် အဖွဲ့အစည်းက သင့်နာမည်နဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကို သိမ်းထားပါတယ်။ အကြွေးဝယ်ကတ်နဲ့ ထည့်ဝင်တဲ့ အလှူငွေကို လက်ခံနိုင်ဖို့ နိုင်ငံတကာ အဆင့်မီ လုံခြုံရေးနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှု မူဝါဒ ပါဝင်တဲ့ တရားဝင် အွန်လိုင်း ငွေပေးချေ ဝန်ဆောင်မှုစနစ်ကို အသုံးပြုပါတယ်။ သင့်အလှူငွေကို လက်ခံနိုင်ဖို့ အကြွေးဝယ်ကတ် နံပါတ် ဒါမှမဟုတ် ငွေစာရင်း နံပါတ်စတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ရယူရတာ ရှိနိုင်သလို ဝန်ဆောင်မှု စနစ်တွေဆီ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ Payment Card Industry Data Security Standard (“PCI DSS”) နဲ့အညီ သင့်အလှူငွေကို လုံခြုံစိတ်ချရတဲ့ နည်းတွေအတိုင်း စီမံဆောင်ရွက်ပါတယ်။ လှူဒါန်းမှု မှတ်တမ်းမှတ်ရာတွေကို လှူဒါန်းမှု လက်ခံသူရဲ့ တရားဝင် လုပ်ပိုင်ခွင့်၊ သက်ဆိုင်ရာ ဥပဒေ တောင်းဆိုချက်တွေနဲ့အညီ လိုအပ်သရွေ့ သိမ်းထားပါတယ်။ လှူဒါန်းတဲ့ နေ့စွဲ၊ အလှူငွေ ပမာဏ၊ လှူဒါန်းနည်းစနစ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ပါဝင်တယ်။ စာရင်းအင်းဆိုင်ရာ စံနှုန်းတွေနဲ့အညီ ဖြစ်စေဖို့၊ အဲဒီအချိန် အတောအတွင်း သင့်မေးမြန်းမှုတွေကို ပြန်ဖြေကြားနိုင်ဖို့ ဒီမှတ်တမ်းမှတ်ရာတွေက ထောက်ကူပေးပါတယ်။ နောက်ထပ် ထည့်ဝင်လှူဒါန်းဖို့ ဆက်သွယ်တောင်းဆိုမှာ မဟုတ်ပါဘူး။

လာရောက်လည်ပတ်ဖို့ တောင်းဆိုခြင်း။ ကျမ်းစာ ဒါမှမဟုတ် ယေဟောဝါသက်သေတွေအကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတစ်ယောက်ကို သင့်ထံ လာရောက်လည်ပတ်ပေးပို့ တောင်းဆိုနိုင်တယ်။ လည်ပတ်မှုတောင်းဆိုရာမှာ သင်ပေးခဲ့တဲ့ ကိုယ်ရေးအချက်အလက်တွေကို အဲဒီကိစ္စအတွက်ပဲ အသုံးပြုပါမယ်။ သင့်တောင်းဆိုချက် ဖြစ်မြောက်ရေးအတွက် လိုအပ်ရင် ယေဟောဝါသက်သေများရဲ့ တခြားဌာနခွဲ ဒါမှမဟုတ် အဖွဲ့အစည်းဆီ သင့်အချက်အလက်တွေ ပို့ပေးရတာဖြစ်နိုင်တယ်။

တခြားရည်ရွယ်ချက်များ။ အကောင့် ဖွင့်ဖို့၊ လျှောက်လွှာ တင်ဖို့၊ အလှူငွေ ထည့်ဖို့ မဟုတ်ဘဲ တခြားရည်ရွယ်ချက်အတွက် နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်ရတာ ရှိနိုင်ပါတယ်။ အခြေအနေတစ်ခုစီအတွက် အချက်အလက် တောင်းရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားမှာ ဖြစ်တယ်။ အချက်အလက် တောင်းရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မဖော်ပြထားရင် အချက်အလက်တွေကို အသုံးပြုမှာ မဟုတ်ဘူး။

JW LIBRARY မှာ ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း

JW Library အက်ပ်မှာ သင့်ကိုယ်ရေးအချက်အလက် အသုံးပြုပုံနဲ့ပတ်သက်ပြီး သင့်အချက်အလက်ကို JW Library အက်ပ် အသုံးပြုပုံ မှာ ဖော်ပြထားတယ်။

အဲဒီဆောင်းပါးမှာ ဖော်ပြထားသလိုပဲ အက်ပ်က jw.org ဝက်ဘ်ဆိုက်ထဲက အချက်အလက်တွေကို ကူးယူတယ်။ အက်ပ်မှာ တစ်ခုခု ကူးယူတဲ့အခါ ဝက်ဘ်ဆိုက်က အသုံးပြုသူရဲ့ IP လိပ်စာကို ရရှိတယ်။ အချက်အလက်တွေ ယူထားရတဲ့အကြောင်းရင်းက အက်ပ်အတွက် ဝန်ဆောင်မှုပေးနိုင်ဖို့၊ အဆင့်မြှင့်တင်နိုင်ဖို့၊ ပြုပြင်ထိန်းသိမ်းနိုင်ဖို့ပါ။ ပိုပြီး တိတိကျကျပြောရရင် သုံးစွဲသူအနေနဲ့ အက်ပ်ကို ကူးယူသုံးစွဲနိုင်ဖို့၊ ကျွန်တော်တို့ဘက်ကလည်း အက်ပ်ရဲ့လုပ်ဆောင်မှုကို ကောင်းမွန်အောင် စီမံကွပ်ကဲနိုင်ဖို့၊ လိမ်လည် ဖြားယောင်းတဲ့ ဆော့ဖ်ဝဲတွေကို ခြေရာခံပြီး ကာကွယ်နိုင်ဖို့၊ လုံခြုံရေးထိပါးတဲ့ဖြစ်ရပ်တွေကို ကြီးကြပ်ကွပ်ကဲနိုင်ဖို့ ဖြစ်တယ်။

အချက်အလက်ကို တိုင်းတစ်ပါးသို့ လွှဲပြောင်းပေးခြင်း

ကျွန်တော်တို့ရဲ့ ဘာသာရေး အဖွဲ့အစည်းဟာ ဒေသန္တရ အသင်းအဖွဲ့တွေကတစ်ဆင့် ကမ္ဘာတစ်ဝန်း လုပ်ငန်းလည်ပတ်ပါတယ်။ ဝက်ဘ်ဆိုက်နဲ့ ဆက်စပ်အက်ပ်တွေကို ထောက်ပံ့ပေးတဲ့ ဆာဗာတချို့က အမေရိကန် ပြည်ထောင်စုမှာ ရှိတယ်။ သင့်ကိုယ်ရေးအချက်အလက်တွေကို သင် နေထိုင်ရာ နိုင်ငံပြင်ပကို လွှဲပြောင်းပေးရတဲ့အခါတွေ ရှိနိုင်တယ်။ လက်ရှိ သင် နေထိုင်တဲ့နိုင်ငံရဲ့ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းကာကွယ်မှုနဲ့ အဆင့်ချင်း မတူတဲ့ ဥပဒေ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတွေလည်း ပါဝင်နိုင်တယ်။ သင့်ကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်၊ လွှဲပြောင်းတဲ့အခါ အချက်အလက်တွေ ကာကွယ်ဖို့ စီမံထားပါတယ်။ ယေဟောဝါသက်သေတွေ အသုံးပြုနေတဲ့၊ လုပ်ငန်းကို ထောက်မပေးနေတဲ့ အဖွဲ့အစည်းအားလုံး ကျွန်တော်တို့ရဲ့ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး မူဝါဒတွေ၊ ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒီဝက်ဆိုက်ထဲ ဝင်ပြီး ကျွန်တော်တို့နဲ့ ဆက်သွယ်ခြင်းက နိုင်ငံရပ်ခြားဆီ အချက်အလက် လွှဲပြောင်းမှုကို သဘောတူရာရောက်ပါတယ်။ အများအားဖြင့် အဲဒီလိုလွှဲပြောင်းတဲ့အခါ ဥပဒေတောင်းဆိုချက်တွေနဲ့အညီ ရေးသားထားတဲ့ စာချုပ်လို သဘောတူစာချုပ်တွေ အသုံးပြုပါတယ်။

သင့်လုပ်ပိုင်ခွင့်

ကိုယ်ရေးအချက်အလက်တွေကို ကျွန်တော်တို့ စီမံဆောင်ရွက်တဲ့အခါတိုင်း သင့်ကိုယ်ရေးအချက်အလက် မှန်ကန်စေဖို့၊ ဖော်ပြထားတဲ့ ရည်ရွယ်ချက်နဲ့ အမြဲ ကိုက်ညီစေဖို့ လုပ်ဆောင်ပါတယ်။ သင် နေထိုင်တဲ့ နိုင်ငံ၊ ဒေသရဲ့ အချက်အလက်၊ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ တည်ဆဲဥပဒေများအရ သင့်ကိုယ်ရေးအချက်အလက်နဲ့ပတ်သက်ပြီး သင့်မှာ အောက်ပါ လုပ်ပိုင်ခွင့်တွေ ရှိတယ်။

  • သင့်ကိုယ်ရေးအချက်အလက်တွေ သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသန္တရ ဥပဒေများနဲ့အညီ အချက်အလက်တွေကို မေးနိုင်ပါတယ်။

  • သင့်ကိုယ်ရေးအချက်အလက်တွေ မပြည့်စုံဘူး၊ မမှန်ကန်ဘူးဆိုရင် ဝင်ရောက်ဖို့၊ ပိတ်ပင်ဖို့၊ ဖျက်ပစ်ဖို့ တောင်းဆိုနိုင်ပါတယ်။

  • ခိုင်လုံတဲ့ အကြောင်းရင်း ရှိမယ်ဆိုရင် သင့်ကိုယ်ရေးအချက်အလက်တွေကို စီမံဆောင်ရွက်မှု မလုပ်ဖို့ ကန့်ကွက်နိုင်တယ်၊ အချက်အလက်တွေကို ဆက်အသုံးမပြုဖို့ တောင်းဆိုနိုင်တယ်။

သင် နေထိုင်တဲ့ နိုင်ငံမှာ အချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွေ ရှိပြီး သင့်ကိုယ်ရေးအချက်အလက်တွေကို ဝင်ရောက်ဖို့၊ ပြင်ဆင်ဖို့၊ ဖျက်ဖို့ ဆန္ဒရှိရင် အချက်အလက် ကာကွယ်ရေး အဆက်အသွယ်များ စာမျက်နှာမှာ ဆက်သွယ်နိုင်တဲ့ အချက်အလက်တွေ တွေ့နိုင်ပါတယ်။

တောင်းခံလွှာမှာ သင် ဖြစ်မှန်း ခွဲခြားသိစေတဲ့ လုံလောက်တဲ့ အထောက်အထား၊ သင့်ကိုယ်ရေးအချက်အလက်ကို ခွဲခြားသိစေတဲ့ လုံလောက်တဲ့ အချက်အလက်တွေ ဖော်ပြထားရင် သက်ဆိုင်တဲ့ အချက်အလက် ထိန်းသိမ်းကြီးကြပ်သူက အဖွဲ့အစည်းရဲ့ အကျိုးအတွက် တောင်းဆိုသူကို ဝင်ရောက်ခွင့်၊ ပြင်ဆင်ခွင့်၊ ဖျက်ခွင့် ပြုမပြု ကောင်းစွာ ချင့်ချိန်သုံးသပ်ပါမယ်။ ခွင့်ပြုလိုက်ရင် အဖွဲ့အစည်းရဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ ကျင့်သုံးပိုင်ခွင့်ကို ထိခိုက်မှု ရှိမရှိလည်း သုံးသပ်ရပါမယ်။ လိုအပ်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ သင့်အချက်အလက်တွေ လက်ခံရရှိထားတဲ့ တခြားသူတွေကိုလည်း အကြောင်းကြားပါမယ်။

ဥပဒေအရ ဒါမှမဟုတ် တခြားတရားဥပဒေဆိုင်ရာ အကြောင်းရင်းတွေအရ သင့်အချက်အလက်တွေကို မဖျက်ပစ်ဘဲ ဆက်သိမ်းဆည်းထားဖို့ လိုအပ်နိုင်ကြောင်း သတိပြုပါ။ ဥပမာ၊ ဘာသာရေး အဖွဲ့အစည်းအနေနဲ့ ယေဟောဝါသက်သေ တစ်ယောက်ရဲ့ အနေအထားနဲ့ပတ်သက်ပြီး အချက်အလက်တွေကို အမြဲ ထိန်းသိမ်းထားဖို့ စိတ်ဝင်စားပါတယ်။ အဲဒီလိုအချက်အလက်တွေကို ဖျက်ဆီးပစ်ခြင်းက အဖွဲ့အစည်းရဲ့ ဘာသာရေး ယုံကြည်ချက်၊ ကျင့်ထုံးတွေကို ချိုးဖောက်ရာ ရောက်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို ဖျက်ပစ်ဖို့ တောင်းဆိုမှုတွေဟာ သက်ဆိုင်တဲ့ ဥပဒေဆိုင်ရာ သတင်းပေးမှု ဒါမှမဟုတ် ကျွန်တော်တို့အပေါ် ချမှတ်ထားတဲ့ စာရွက်စာတမ်းထိန်းသိမ်းမှု တောင်းဆိုချက်တွေအရ ဖြစ်ရပါမယ်။ ဒီဝက်ဘ်ဆိုက်မှာ တင်သွင်းတဲ့ သင့်အချက်အလက်တွေကို စီမံဆောင်ရွက်မှုနဲ့ပတ်သက်ပြီး သင့်ဒေသက အချက်အလက် ကာကွယ်ရေး အာဏာပိုင်တွေဆီလည်း တိုင်တန်းနိုင်ပါတယ်။