မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်းမျှော်စင် စာကြည့်တိုက်

ကင်းမျှော်စင် စာကြည့်တိုက်ကို အပ်ဒိတ်လုပ်ပါ

ကင်းမျှော်စင် စာကြည့်တိုက်ကို အပ်ဒိတ်လုပ်ပါ

ကင်းမျှော်စင် စာကြည့်တိုက်ကို အွန်လိုင်းကနေ အလိုအလျောက် အပ်ဒိတ်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် အပ်ဒိတ်ဖိုင်တွဲကို သုံးပြီး ကင်းမျှော်စင် စာကြည့်တိုက်က စာစောင်တွေ၊ ဆောင်းပါးတွေကို ကိုယ်တိုင် အပ်ဒိတ်လုပ်နိုင်တယ်။

အလိုအလျောက် အပ်ဒိတ်လုပ်နည်း

အွန်လိုင်းကနေ စာပေအသစ်၊ ဆောင်းပါးအသစ်တွေ ရှိမရှိ စစ်ဆေးဖို့ အောက်ဖော်ပြပါအတိုင်း လုပ်ဆောင်ပြီး ကင်းမျှော်စင် စာကြည့်တိုက်ကို အလိုအလျောက် အပ်ဒိတ်လုပ်နိုင်ပါတယ်။

  1. ၁။ ကင်းမျှော်စင် စာကြည့်တိုက်မှာပါတဲ့ စာကြည့်တိုက် menu ကိုနှိပ်ပါ။ ပြီးနောက် Properties ကို နှိပ်ပါ။ Properties for Library ပေါ်လာပါလိမ့်မယ်။

  2. ၂။ Properties for Library အကွက်မှာ update ကို နှိပ်ပြီး အလိုအလျောက် update ကူးယူပါ အကွက်ကို ကြည့်ပါ။

  3. ၃။ အွန်လိုင်းမှာ အပ်ဒိတ်ရနိုင်တဲ့ အခါတိုင်း ကူးယူလိုပါသလားဆိုတဲ့ စာတို ပေါ်လာပါလိမ့်မယ်။ ကင်းမျှော်စင် စာကြည့်တိုက်ကို အပ်ဒိတ်လုပ်ဖို့ Yes ကို နှိပ်ပါ။

ကင်းမျှော်စင် စာကြည့်တိုက်ကို ကိုယ်တိုင် အပ်ဒိတ်လုပ်နည်း

ကင်းမျှော်စင် စာကြည့်တိုက်ကို update package သုံးပြီး ကိုယ်တိုင် အပ်ဒိတ်လုပ်နိုင်ပါတယ်။ နောက်ဆုံး အပ်ဒိတ်ဖိုင် ရဖို့ နောက်ဆုံး ထည့်သွင်းထားတဲ့ ကင်းမျှော်စင် စာကြည့်တိုက်ကနေ ကူးထည့်ပါ။ ဒါမှမဟုတ် ဒီစာမျက်နှာပါ ခလုတ်ကို သုံးပြီး ကူးယူပါ။

Update Package ကို ထုတ်ယူဖန်တီးပါ

အောက်ပါအဆင့်အတိုင်း update package တစ်ခု ဖန်တီးပါ။

  1. ၁။ ကင်းမျှော်စင် စာကြည့်တိုက်မှာပါတဲ့ အကူအညီကို နှိပ်ပါ။ ပြီးရင် Update Package ကို ကိုယ်တိုင်လုပ်ဆောင်ပါကို နှိပ်ပြီး Package ကိုဖန်တီးပါကို နှိပ်ပါ။

  2. ၂။ သင့်ကွန်ပျူတာမှာ update package ဖိုင်ကို သိမ်းဆည်းဖို့ နေရာတစ်နေရာ ရွေးပြီး သိမ်းပါ ခလုတ်ကို နှိပ်ပါ။ ကင်းမျှော်စင် စာကြည့်တိုက်မှာ “.updatepkg” နဲ့ ဆုံးတဲ့ ဖိုင်တစ်ခုအဖြစ် update package ဖန်တီးပါ။

Update Package ကူးယူပါ

သင့်ဘာသာစကားနဲ့ ကင်းမျှော်စင် စာကြည့်တိုက် အပ်ဒိတ် ရှိမရှိ စစ်ဆေးဖို့ အောက်မှာပါတဲ့ ခလုတ်ကို နှိပ်ပါ။ ရှိတယ်ဆိုရင် သင့်ကွန်ပျူတာထဲ ဖိုင်ကို သိမ်းဆည်းဖို့ ပေါ်လာတဲ့ စာသားတွေအတိုင်း လုပ်ဆောင်ပါ။

Update Package ကို ထည့်သွင်းပါ

update package သုံးပြီး ကင်းမျှော်စင် စာကြည့်တိုက်ကို ကိုယ်တိုင် အပ်ဒိတ်လုပ်ဖို့ အောက်ပါအဆင့်တွေအတိုင်း လုပ်ဆောင်ပါ။

  1. ၁။ ကင်းမျှော်စင် စာကြည့်တိုက်မှာပါတဲ့ အကူအညီကို နှိပ်ပါ။ ပြီးနောက် Update Package ကို ကိုယ်တိုင်လုပ်ဆောင်ပါကို နှိပ်ပြီး Package ကို ထည့်သွင်းပါကို နှိပ်ပါ။

  2. ၂။ File Explorer ဝင်းဒိုးမှာ “.updatepkg” နဲ့ ဆုံးတဲ့ ဖိုင်ကို ရှာပါ။ ဖိုင်ရွေးပြီး ဖွင့်ပါ ခလုတ်ကို နှိပ်ပါ။ ကင်းမျှော်စင် စာကြည့်တိုက်မှာ အပ်ဒိတ်တွေကို ထည့်ပါ။