မာတိကာဆီ ကျော်သွား

အလိုလို ဖြစ်လာနိုင်ပါ့မလား

အံ့ဖွယ်ရေဘဝဲလက်တံ

အံ့ဖွယ်ရေဘဝဲလက်တံ

 လူနာရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိတ်ရတဲ့ ဆရာဝန်တွေအတွက် ကိရိယာတစ်မျိုးကို စက်ရုပ်အင်ဂျင်နီယာတွေ တီထွင်နေကြပါတယ်။ ရေဘဝဲလက်တံကို ပုံစံယူပြီး ကွေးနိုင်ဆန့်နိုင်တဲ့ စက်ရုပ်လက်တံတစ်မျိုးကို တီထွင်ကြတယ်။

 စဉ်းစားကြည့်ပါ။ ရေဘဝဲမှာ ကွေးနိုင်ဆန့်နိုင်တဲ လက်တံပျော့ရှစ်ချောင်း ရှိတယ်။ ကျဉ်းကျပ်နေရင်တောင် အဲဒီလက်တံတွေနဲ့ အရာဝတ္ထုတွေကို ဆုပ်ကိုင်ဖျစ်ညှစ်နိုင်တယ်။ လိုရာဘက် ကွေးဆန့်နိုင်တဲ့အပြင် လိုရင်လိုသလို လက်တံအဆစ်တွေ မာတောင့်သွားအောင်လည်း လုပ်ဆောင်နိုင်တယ်။

 လူနာရဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေးတွေကို ခွဲစိတ်ဖို့ ကွေးနိုင်ဆန့်နိုင်တဲ့ စက်ရုပ်လက်တံပျော့မျိုး ရရင် သိပ်ကောင်းမယ်လို့ သုတေသီတွေ ယူဆတယ်။ ဒီလိုကိရိယာမျိုးဟာ ခက်ခဲရှုပ်ထွေးတဲ့ အနုစိတ်ခွဲစိတ်မှုမျိုး မဖြစ်မနေ ခံယူရမယ့် လူနာတွေအတွက် သိပ်အသုံးဝင်ပါလိမ့်မယ်။

 ရေဘဝဲရဲ့ ကွေးနိုင်ဆန့်နိုင်တဲ့လက်တံ အလုပ်လုပ်ပုံကို ကြည့်ပါ

 အဲဒီလိုစက်ရုပ်လက်တံမျိုးကို တီထွင်ပြီး အတုအယောင်ခွဲစိတ်မှုတွေမှာ အသုံးပြုနေပါပြီ။ ခွဲစိတ်နေစဉ် နူးညံ့တဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ မထိခိုက်မိအောင် ၁၃၅ မီလီမီတာ (၅ လက်မ) ရှည်တဲ့ စက်ရုပ်လက်တံက ကိုင်မထားပေးနိုင်တယ်။ တီထွင်တဲ့ အဖွဲ့ဝင် ဒေါက်တာ တွန်မာဇို ရန်ဇာနီက ဒီလိုပြောပြတယ်– “ဒီစနစ်ဟာ ပိုခေတ်မီတိုးတက်တဲ့ ကိရိယာပုံစံသစ်ရဲ့ ရှေ့ပြေး ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။”

ကွေးနိုင်ဆန့်နိုင်တဲ့ စက်ရုပ်လက်တံပျော့ဟာ ခွဲစိတ်ကုသမှုအတွက် သိပ်အဖိုးတန်

 ဘယ်လို ထင်ပါသလဲ။ ရေဘဝဲလက်တံတွေဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။