မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းက တိကျရဲ့လား။

သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းက တိကျရဲ့လား။

သမ္မာကျမ်းစာဖြေဆိုရာ

 ကျမ်းရေးသူလုကာက သူရေးတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းနဲ့ပတ်သက်ပြီး ခုလိုပြောတယ်– “ထိုအကြောင်းအရာအလုံးစုံကို အစမှ သေချာစွာ လေ့လာစိစစ်ထား[၏။]”—လုကာ ၁:၃

 ယေရှုနဲ့တစ်ခေတ်တည်းသားတွေဖြစ်တဲ့ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့ရေးတဲ့ ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းတွေကို စတုတ္ထရာစုလောက်မှာ ပြန်ပြင်ဆင်ခဲ့တယ်လို့ တချို့က အခိုင်အမာပြောကြတယ်။

 ဒါပေမဲ့ ၂၀ ရာစုအကူးမှာ အဖိုးထိုက်လှတဲ့ ယောဟန်ခရစ်ဝင်ကျမ်း အပိုင်းအစတစ်ခုကို အီဂျစ်မှာ တွေ့ရှိခဲ့ကြတယ်။ အဲဒါကို အခုအချိန်မှာ ရိုင်လန်းကျူစာ ၄၅၇ (P52) လို့သိကြပြီး အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဂျွန်ရိုင်လန်းစာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။ အဲဒီကျူစာမှာ ယနေ့ခေတ်သုံးကျမ်းစာရဲ့ ယောဟန် ၁၈:၃၁–၃၃၊ ၃၇၊ ၃၈ ပါစကားတွေ ပါတယ်။

 အဲဒီကျူစာဟာ ခရစ်ယာန်ဂရိကျမ်းစာစောင်တွေထဲမှာ ရှေးအကျဆုံးလက်ရေးစာမူ အပိုင်းအစဖြစ်တယ်။ မူရင်းကျမ်းစောင်ကိုရေးပြီးနောက် နှစ်ဆယ့်ငါးနှစ်အကြာလောက်ဖြစ်တဲ့ အေဒီ ၁၂၅ ခန့်မှာ အဲဒီကျူစာကို ရေးသားခဲ့တာဖြစ်တယ်လို့ ကျမ်းပညာရှင်များစွာက ယူဆကြတယ်။ ဒီကျူစာအပိုင်းအစမှာပါတဲ့ ကျမ်းစာသားတွေက နောက်ပိုင်းလက်ရေးစာမူတွေနဲ့ ကိုက်ညီနေတာ ထပ်တူနီးပါးပဲ။