မာတိကာဆီ ကျော်သွား

ဘုရားသခင်က သတ်သတ်မှတ်မှတ်နေရာမှာ နေသလား။

ဘုရားသခင်က သတ်သတ်မှတ်မှတ်နေရာမှာ နေသလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင်က သတ်သတ်မှတ်မှတ်နေရာမှာ နေပါတယ်။ ကောင်းကင်မှာဖြစ်တယ်။ ဒီကျမ်းစကားတွေကို သုံးသပ်ကြည့်ပါ–

 ဘုရင်ရှောလမုန်က ဆုတောင်းချက်တစ်ခုမှာ ခုလိုပြောခဲ့တယ်– “ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။”—၃ ဓမ္မရာဇဝင် ၈:၄၃

 ဆုတောင်းတဲ့အခါ “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” လို့ ဆုတောင်းပါဆိုပြီး ယေရှုခရစ်က တပည့်တွေကို သင်ပေးခဲ့တယ်။—မဿဲ ၆:၉

 ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း “ဘုရားသခင့်ရှေ့တော်မှောက်သို့ ရောက်ရှိရန် ကောင်းကင်ဘုံထဲ ယခုဝင်တော်မူပြီ။”—ဟေဗြဲ ၉:၂၄

 ဒီကျမ်းချက်တွေကနေ ရှင်းရှင်းလင်းလင်းသိရတာက ယေဟောဝါဘုရားသခင်က ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်၊ ကိုယ်တော်က နေရာတကာမှာရှိနေတာမဟုတ်ဘဲ ကောင်းကင်မှာရှိတယ်။