မာတိကာဆီ ကျော်သွား

ဘယ်– ညီအစ်ကို ယေ့ဂျနီ စတယ်ဖာနီဒန်။ ညာ– ညီအစ်ကို အလက်ဇန်ဒါ ဗစ်တီကို့ဗ်

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်
ရုရှား

ယေဟောဝါကို ဝတ်ပြုခွင့်ရလို့ ကျေးဇူးတင်

ယေဟောဝါကို ဝတ်ပြုခွင့်ရလို့ ကျေးဇူးတင်

အူမွတ်တီးယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အီရှက်မြို့တော်၊ ပဗိုမေစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ စတယ်ဖာနီဒန်နဲ့ အလက်ဇန်ဒါ ဗစ်တီကို့ဗ်ကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ် တောင်းဆိုခြင်းမရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

ယေဟောဝါကို တစ်ဘဝလုံး “ရဲရင့်စွာ ဝတ်ပြုရတဲ့အခွင့်” ကို အခွင့်ထူးအဖြစ် အလက်ဇန်ဒါနဲ့ ယေ့ဂျနီလို ကျွန်တော်တို့ မှတ်ယူကြပါတယ်။—လုကာ ၁:၇၄၊ ၇၅

အချိန်ပြဇယား

  1. ဧပြီ ၁၄၊ ၂၀၂၁

    လုံခြုံရေးအဖွဲ့က ယေ့ဂျနီရဲ့အိမ်ကို ဝင်ရောက်ရှာဖွေ

  2. ဒီဇင်ဘာ ၁၃၊ ၂၀၂၂

    အလက်ဇန်ဒါနဲ့ ယေ့ဂျနီကို ပြစ်မှုနဲ့ တရားစွဲ

  3. ဒီဇင်ဘာ ၁၄၊ ၂၀၂၂

    သူတို့နှစ်ယောက်ရဲ့အိမ်တွေကို အရာရှိတွေ ရှာဖွေစစ်ဆေး။ အလက်ဇန်ဒါကို ချုပ်ထားပြီး ယေ့ဂျနီကို ခရီးသွားလာခွင့်ကန့်သတ်

  4. ဒီဇင်ဘာ ၁၅၊ ၂၀၂၂

    အလက်ဇန်ဒါကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  5. ဇွန် ၉၊ ၂၀၂၃

    အလက်ဇန်ဒါကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့်ကန့်သတ်

  6. ဩဂုတ် ၁၇၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး