မာတိကာဆီ ကျော်သွား

အပေါ်၊ ဘယ်မှ ညာ– ညီအစ်ကို နီကိုလိုင် ဒစ်တာနဲ့ ညီအစ်ကို အန်ဒရေ လိခါ့ဗ်

အောက်၊ ဘယ်မှ ညာ– ညီအစ်ကို ယူရီ ပါနာမာရီအန်ကာနဲ့ ညီအစ်ကို အိုလက် ဆာဂေး

၂၀၂၃ ခုနှစ်၊ မေ ၂၉ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ မေ ၃ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ |ကျမ်းစာမူရဲ့ အကူအညီနဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ |ကျမ်းစာမူရဲ့ အကူအညီနဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ညီအစ်ကိုတွေ ခံရပ်နိုင်ကြ

၂၀၂၄ ခုနှစ်၊ မေ ၂ ရက်မှာပရီမိုရ်စကီဒေသ၊ ပါဂျစကီ ခရိုင်တရားရုံးက ညီအစ်ကို နီကိုလိုင် ဒစ်တာ၊ အန်ဒရေ လိခါ့ဗ်၊ ယူရီ ပါနာမာရီအန်ကာနဲ့ အိုလက် ဆာဂေးတို့ကို အပြစ်ရှိကြောင်း စီရင်ချက် ချခဲ့တယ်။ သူတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ခြောက်လ၊ နှစ်နှစ်နဲ့ရှစ်လ၊ ခြောက်နှစ်နဲ့ခြောက်လနဲ့ ခြောက်နှစ်နဲ့လေးလ အသီးသီး ချမှတ်ခဲ့တယ်။ အခုအချိန်မှာတော့ သူတို့ ထောင်ထဲဝင်စရာမလိုပါ။

ကိုယ်ရေးအကျဉ်း

အန်ဒရေ၊ နီကိုလိုင်၊ အိုလက်နဲ့ ယူရီတို့လို ကျွန်တော်တို့လည်း ကျမ်းစာမူတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် “မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝ” နေပါလိမ့်မယ်။—၂ တိမောသေ ၃:၁၆၊ ၁၇

အချိန်ပြဇယား

  1. ဇူလိုင် ၁၆၊ ၂၀၂၁

    အစွန်းရောက် အဖွဲ့အစည်းရဲ့ လုပ်ငန်းကို စီစဉ်ဖွဲ့စည်းမှုနဲ့ ယူရီကို သံသယဝင်ပြီး ပြစ်မှုနဲ့ တရားစွဲ

  2. ဇူလိုင် ၂၂၊ ၂၀၂၁

    ယူရီရဲ့ တိုက်ခန်းကို ဝင်ရောက်ရှာဖွေ

  3. ဇူလိုင် ၂၄၊ ၂၀၂၁

    ယူရီကို ခရီးသွားလာခွင့် ပိတ်ပင်

  4. နိုဝင်ဘာ ၁၊ ၂၀၂၁

    အိုလက်ရဲ့ တိုက်ခန်းကို ဝင်ရောက်ရှာဖွေ

  5. နိုဝင်ဘာ ၂၊ ၂၀၂၁

    အိုလက်ကို ခရီးသွားလာခွင့် ပိတ်ပင်

  6. ဖေဖော်ဝါရီ ၁၂၊ ၂၀၂၂

    အိုလက်ကို တရားစွဲပြီး ပြစ်မှုထဲ ထည့်သွင်း

  7. မတ် ၁၄၊ ၂၀၂၂

    နီကိုလိုင်ကို တရားစွဲပြီး ပြစ်မှုထဲ ထည့်သွင်း

  8. မတ် ၁၅၊ ၂၀၂၂

    အန်ဒရေကို တရားစွဲပြီး ပြစ်မှုထဲ ထည့်သွင်း

  9. သြဂုတ် ၁၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေး