မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဂျနီ ဘူးရှက်ဗ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆ ရက်
ရုရှား

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်လျှော့ပေါ့ | ညီအစ်ကို ယေ့ဂျနီ ဘူးရှက်ဗ် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရ

နောက်ဆုံးအချက်အလက်—ထောင်ဒဏ်လျှော့ပေါ့ | ညီအစ်ကို ယေ့ဂျနီ ဘူးရှက်ဗ် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခံရ

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်မှာ ချီယာဘင့်စ်ဒေသတရားရုံးက ညီအစ်ကို ယေ့ဂျနီရဲ့ အယူခံကို လက်ခံပြီး ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်တယ်။ သူ ထောင်ခြောက်နှစ်ကျပါမယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့မှာ ချီယာဘင့်စ်ဒေသ၊ ကလင်နင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ ဘူးရှက်ဗ်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့တယ်။ သူ့ကို တရားခွင်ကနေ အကျဉ်းထောင်ကို ချက်ချင်းခေါ်ဆောင်သွားတယ်။

ကိုယ်ရေးအကျဉ်း

ညီအစ်ကိုနောက်တစ်ယောက် ထောင်ချခံရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ယေ့ဂျနီနဲ့ အခက်အခဲကြုံနေရသူအားလုံးကို ယေဟောဝါဘုရား ကူညီပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဆာလံ ၉၄:၂၂

အချိန်ပြဇယား

  1. ဩဂုတ် ၂၄၊ ၂၀၂၂

    ပြစ်မှု စတင်ဖွင့်လှစ်

  2. စက်တင်ဘာ ၈၊ ၂၀၂၂

    အိမ်ကို ဝင်ရောက်ရှာဖွေ

  3. စက်တင်ဘာ ၉၊ ၂၀၂၂

    ခရီးသွားလာခွင့် ကန့်သတ်

  4. စက်တင်ဘာ ၂၀၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

  5. နိုဝင်ဘာ ၇၊ ၂၀၂၃

    အပြစ်ရှိကြောင်းစီရင်ပြီး ထောင်ဒဏ်ခုနစ်နှစ်ချမှတ်