မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေဟာ တခြားဘာသာဝင်တွေကို လေးစားပါသလား။

ယေဟောဝါသက်သေတွေဟာ တခြားဘာသာဝင်တွေကို လေးစားပါသလား။

 လူတွေရဲ့ ဘာသာရေးယုံကြည်ချက်က ဘယ်လိုပဲ ရှိနေပါစေ လူတိုင်းကို ‘လေးစား’ ပါဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို ကျွန်ုပ်တို့ လိုက်နာကြတယ်။ (၁ ပေတရု ၂:၁၇) ဥပမာ၊ နိုင်ငံတချို့မှာဆိုရင် ယေဟောဝါသက်သေ သိန်းနဲ့ချီ ရှိပါတယ်။ ဒါပေမဲ့ တခြားဘာသာတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ဖို့ ဒါမှမဟုတ် ချုပ်ချယ်ဖို့ နိုင်ငံရေးသမားတွေ ဒါမှမဟုတ် ဥပဒေပြုသူတွေကို ဖိအားမပေးပါဘူး။ ကျွန်ုပ်တို့ရဲ့ ကိုယ်ကျင့်တရားနဲ့ဘာသာရေးဆိုင်ရာ ခံယူချက်တွေကို လူတွေလက်ခံစေဖို့ အာဏာပိုင်တွေကို စည်းရုံးလှုံ့ဆော်တာမျိုးတွေလည်း မလုပ်ပါဘူး။ အဲဒီအစား တခြားဘာသာဝင်တွေရဲ့ လေးစားမှုကို ကျွန်ုပ်တို့ရချင်တဲ့အတွက် သူတို့ကို ကျွန်ုပ်တို့ လေးစားကြပါတယ်။—မဿဲ ၇:၁၂