မာတိကာဆီ ကျော်သွား

ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ ယေဟောဝါသက်သေတွေ ယုံသလား

ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ ယေဟောဝါသက်သေတွေ ယုံသလား

 ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့တယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့တော့ မယုံကြည်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချက်က သမ္မာကျမ်းစာနဲ့ မကိုက်ညီတဲ့အတွက်ဖြစ်တယ်။ အောက်မှာဖော်ပြထားတဲ့ အချက်နှစ်ချက်ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ဖန်ဆင်းရာ ၆ ရက်ရဲ့ ကြာရှည်မှု။ တချို့က ဖန်ဆင်းရာ ၆ ရက်ဟာ ၂၄ နာရီရှိတဲ့ နေ့ရက်တွေဖြစ်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ “နေ့” လို့ပြောတဲ့အခါ ကြာရှည်တဲ့အချိန်ကာလတစ်ခုကို ဆိုလိုနိုင်တယ်။—ကမ္ဘာဦး ၂:၄; ဆာလံ ၉၀:၄

  2.  ၂။ ကမ္ဘာမြေကြီးရဲ့သက်တမ်း။ တချို့က ကမ္ဘာမြေကြီးရဲ့သက်တမ်းဟာ နှစ်ထောင်ပေါင်း အနည်းငယ်သာ ရှိသေးတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာအရ ဖန်ဆင်းရာခြောက်ရက်မတိုင်ခင်ကတည်းက ကမ္ဘာကြီးနဲ့ စကြဝဠာဟာ တည်ရှိနေပြီးသားဖြစ်တယ်။ (ကမ္ဘာဦး ၁:၁) ကမ္ဘာမြေကြီးတည်ရှိခဲ့တာ နှစ်ပေါင်းသန်းထောင်နဲ့ချီ ကြာနေပြီဆိုတဲ့ ခိုင်မာတဲ့သိပ္ပံတွေ့ရှိချက်ကို ယေဟောဝါသက်သေတွေ မငြင်းပါဘူး။ အကြောင်းက အဲဒီသိပ္ပံတွေ့ရှိချက်ဟာ အထက်ပါကျမ်းစာဖော်ပြချက်နဲ့ ကိုက်ညီနေတဲ့အတွက်ဖြစ်တယ်။

 ယေဟောဝါသက်သေတွေက ဖန်ဆင်းခြင်းကို ယုံကြည်ပေမဲ့ သိပ္ပံပညာကိုလည်း မငြင်းပယ်ပါဘူး။ တိကျမှန်ကန်တဲ့သိပ္ပံပညာက သမ္မာကျမ်းစာနဲ့ ကိုက်ညီတယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။