မာတိကာဆီ ကျော်သွား

ဗြိတိန် ဓာတ်​ပုံ​ပြခန်း ၈ (၂၀၁၉ မတ်လ​မှ သြဂုတ်​လ​အထိ)

ဗြိတိန် ဓာတ်​ပုံ​ပြခန်း ၈ (၂၀၁၉ မတ်လ​မှ သြဂုတ်​လ​အထိ)

၂၀၁၉၊ မတ်လ​မှ သြဂုတ်​လ​အထိ ယေဟောဝါသက်သေ​များ​ရဲ့ ဗြိတိန် ဌာနခွဲရုံး​သစ် ဆောက်လုပ်ရေး တိုးတက်မှု​ကို ဒီ​ဓာတ်​ပုံ​ပြခန်း​မှာ တွေ့ရ​ပါ​လိမ့်မယ်။

  1. ၁။ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ (ဗီဒီယို ထုတ်လုပ်ရေး)

  2. ၂။ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ (ပြုပြင်​ထိန်းသိမ်းရေး​နဲ့ လုပ်ငန်းတော်)

  3. ၃။ ရုံးခန်း အဆောက်အအုံ

  4. ၄။ လူနေ​ဆောင် A

  5. ၅။ လူနေ​ဆောင် B

  6. ၆။ လူနေ​ဆောင် C

  7. ၇။ လူနေ​ဆောင် D

  8. ၈။ လူနေ​ဆောင် E

  9. ၉။ လူနေ​ဆောင် F

၂၀၁၉၊ မတ် ၅—ရုံးခန်း အဆောက်အအုံ

လုပ်သား​တစ်ဦး ဘွိုင်​လာ​ခန်း​မှာ အပူ​ပေး ပိုက်လိုင်း​တွေ တပ်ဆင်​နေစဉ်။

၂၀၁၉၊ မတ် ၂၉—တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

အဝတ်​လဲ​ခန်း​ထဲ​က ရေချိုးခန်း​နံရံ​ကို ကြွေပြား​တွေ ကပ်​နေစဉ်။

၂၀၁၉၊ ဧပြီ ၁၀—ရုံးခန်း အဆောက်အအုံ

အဆောက်အအုံ​ကို မိုးကြိုး​ဒဏ်​ကနေ ကာကွယ်​ပေးတဲ့ မိုးကြိုး​လွှဲ​စနစ်​ကို တပ်ဆင်​နေစဉ်။ လုပ်သား​က လုပ်ငန်းခွင်​မှာ ဘေးကင်း​စေဖို့ သိုင်း​ကြိုး​တပ်ဆင်​ထား​တယ်။

၂၀၁၉၊ ဧပြီ ၁၆—ရုံးခန်း အဆောက်အအုံ

ဘေးကင်းရေး စ​တစ်​ကာ​တွေ ကပ်​နိုင်​ဖို့ ပြတင်းပေါက်​ဆေး​သူတွေ ပြင်ဆင်​နေကြ​စဉ်။ ဒီ​စ​တစ်​ကာ​တွေ​က မှန်​ချ​ပ်​ကြီး​တွေ​ကို အမှုမဲ့​အမှတ်မဲ့ ဝင်​မ​တိုက်မိ​အောင် ကာကွယ်​ပေးတယ်။

၂၀၁၉၊ ဧပြီ ၂၃—လူနေ​ဆောင် A

လုပ်သား​တစ်ဦး တပ်​ခါ​စ ရေ​ပြွန်​တွေ သန့်ရှင်း​ပြီး သုံးဖို့ အသင့်​ဖြစ်​မဖြစ် စီ​စီ​တီဗီ​နဲ့ စစ်ဆေး​နေစဉ်။

၂၀၁၉၊ ဧပြီ ၂၃—ရုံးခန်း​အဆောက်အအုံ

လက်သမား​တွေ ထမင်း​စား​ခန်း၊ စုဆုံ​ခန်း​အဖြစ် ဘက်စုံ​သုံး​လို့​ရတဲ့ နေရာ​ရဲ့ နံရံ​မှာ သစ်သား​ချ​ပ်​တွေ တပ်ဆင်​နေစဉ်။ အထူး​အခါ​သ​မ​တွေ​ကို ဒီမှာ ကျင်းပ​ပါ​မယ်။

၂၀၁၉၊ မေ ၁၄—လူနေ​ဆောင် B

နံရံ​မှာ သဘာဝ​ပေါက်​ပင်​တွေ အတန်း​လိုက် စိုက်​နေစဉ်။

၂၀၁၉၊ မေ ၁၄—လူနေ​ဆောင် A

ဂျူး​လီယက် လေ​သာ​ဆောင်​လို့​ခေါ်​တဲ့ နေရာ​အတွက် မှန်​ချ​ပ်​တွေ တပ်ဆင်​နေစဉ်။ ဒီ​မှန်​တွေ​က အလင်း​ဝင်​အောင်၊ လေဝင်လေထွက် ကောင်း​အောင် ကူညီ​ပေးတယ်။

၂၀၁၉၊ မေ ၂၁—ရုံးခန်း အဆောက်အအုံ

ပင်မ ဧည့်ကြို​ဆောင်​အပြင်ဘက်မှာ လျှပ်စစ်​လုပ်သားတွေ မီးချောင်း တပ်ဆင်​နေစဉ်။

၂၀၁၉၊ ဇွန် ၁၁—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

လေ​သန့်​ပိုက်လိုင်း​တွေ​ကို စက်​ပြင်​အဖွဲ့ဝင်​တစ်ဦး ဖြတ်တောက်​နေစဉ်။

၂၀၁၉၊ ဇွန် ၁၇—ရုံးခန်း အဆောက်အအုံ

ဥယျာဉ်​လုပ်သားတွေ အပင်​စိုက်​ပြီး လူ​သွား​လမ်း​အတွက် ပြင်ဆင်​နေစဉ်။ ဘယ်​ဘက်မှာ ထမင်း​စား​ခန်း၊ စုဆုံ​ခန်း၊ အထူး​အခါ​သ​မ​အတွက် သုံးနိုင်​တဲ့ ဘက်စုံ​သုံး အခန်း ရှိတယ်။ နောက်​မှာ လူနေ​ဆောင် A ရှိတယ်။

၂၀၁၉၊ ဇွန် ၂၄—လူနေ​ဆောင် A

အင်ဂျင်နီယာ​တွေ မီး​သတ်​ရေ​ဖျန်း​စနစ် တပ်ဆင်​နေစဉ်။

၂၀၁၉၊ ဇူလိုင် ၉—ရုံးခန်း အဆောက်အအုံ

ဥယျာဉ်​လုပ်သားတွေ​က မြက်​စိုက်​ဖို့ မြေ​ကို ပြင်ဆင်​နေစဉ်။ ရုံးခန်း​ပြတင်းပေါက်​တွေ​ကို ရေ​ဖျန်း​တံ​နဲ့ ဆေး​နေစဉ်။

၂၀၁၉၊ ဇူလိုင်—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

အချော​သတ်​အဖွဲ့က ကြမ်းပြင်​ကို ညှိ​ပေး​နေစဉ်။ အလိုအလျောက် ညှိ​တံ​နဲ့ အရင် ညှိ​ပြီး​တဲ့​နောက် လေ​မ​ခို​အောင် ဆူး​ချွန်​ပါ တ​လိမ့်​တုံး​နဲ့ ညှိ​တယ်။

၂၀၁၉၊ ဇူလိုင် ၂၄—ရုံး​ဆောင် အဆောက်အအုံ

အချော​သတ်​အဖွဲ့က ထမင်း​စား​ခန်း၊ စုဆုံ​ခန်း၊ အထူး​အခါ​သ​မ​အတွက် သုံးနိုင်​တဲ့ ဘက်စုံ​သုံး အခန်းမှာ ကြမ်းခင်း​နေကြ​စဉ်။ နောက်​နံရံ​ဘက်မှာ စင်မြင့် ရှိမယ်။ တီဗီ​ဖန်သားပြင်​လည်း ရှိမယ်။

၂၀၁၉၊ ဇူလိုင် ၂၆—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ဗီဒီယို ရိုက်ကူး​ခန်း​နဲ့ တွဲလျက် အလှ​ပြင် ဆံသ​ခန်း​ကို ပြင်ဆင်​နေစဉ်။

၂၀၁၉၊ သြဂုတ် ၁—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ဖြုတ်​ရ​တပ်​ရ လွယ်​တဲ့ ရုံးခန်း​အကာ​တွေ​အတွက် ဘောင်​တွေ တပ်ဆင်​နေစဉ်။ ဒီ​အကာ​တွေ​က ရုံးခန်း​အရွယ်အစား ကျဉ်း​ချဲ့​ဖို့ လွယ်​စေတယ်။

၂၀၁၉၊ သြဂုတ်—မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ

ဗီဒီယို​ရိုက်ကူး​ခန်း​မှာ ဆိုင်း​ကြိုးတွေ​အတွက် ဒိုင်း​တွေ တပ်ဆင်​နေစဉ်။ ရိုက်ကူး​ချိန်မှာ မီး​အလင်း​ထိုး​တာ၊ ကင်မရာ​ချိန်​တာ​တွေ လုပ်ဖို့ ဆိုင်း​ကြိုး​ကို သုံးတယ်။

၂၀၁၉၊ သြဂုတ် ၁၅—ဌာနခွဲ​နေရာ

မြောက်ဘက်​မှ အပေါ်​စီး​မြင်ကွင်း။ ဝဲ​ဘက်​သို့၊ လူနေ​ဆောင် B၊ C၊ D၊ E၊ F ပြီးစီး​ပြီ။ အလယ်မှာ လူနေ​ဆောင် A ကို လက်​စ​သတ်​နေတယ်။ ရုံးခန်း အဆောက်အအုံ​လည်း ပြီးစီး​ပြီ။ ယာ​ဘက်​သို့၊ တောင်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ၊ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ ပြီး​ခါနီး​ပြီ။ ဥယျာဉ် အလှဆင်​ခြင်း ဆက်လုပ်​ဆောင်​နေတယ်။

၂၀၁၉၊ သြဂုတ် ၂၆—ရုံးခန်း အဆောက်အအုံ

ဧည့်ကြို​ဆောင်​နောက်ဘက်​မှာ ကျောက်ပြား​တွေ ကပ်​နေစဉ်။ နောက်ခံ ယာယီ​တဲ​တွေ​က ကပ်​ခါ​စ ကျောက်ပြား​တွေ ဆေး​ကြာ​သန့်စင်ချိန် အပူဒဏ်​ကနေ ကာကွယ်​ပေးဖို့ ဖြစ်တယ်။