မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

အမြင့်ပျံငှက်တွေရဲ့ ကော့နေတဲ့အတောင်များ

အမြင့်ပျံငှက်တွေရဲ့ ကော့နေတဲ့အတောင်များ

ပျံသန်းနေတဲ့ ဂျက်လေယာဉ်တစ်စီးရဲ့တောင်ပံက လေဗွေလှိုင်းဂယက်တွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ လေဗွေလှိုင်းဂယက်တွေက လေယာဉ်ကို နှေးကွေးစေတယ်၊ လောင်စာလည်း အများကြီးကုန်စေတယ်။ ပြီးတော့ လိုက်ပါလာတဲ့ လေယာဉ်ကို အနှောင့်အယှက်ဖြစ်စေတယ်။ ဒါကြောင့် ပြေးလမ်းတစ်ခုထဲကနေထွက်ခွာရမယ့် နောက်လေယာဉ်ဟာ လေဗွေတွေ ကွယ်ပျောက်သွားတဲ့အထိ စောင့်ဆိုင်းရတယ်။

အဲဒီအခက်အခဲတွေလျော့နည်းစေနိုင်တဲ့ ဖြေရှင်းနည်းကို လေယာဉ် အင်ဂျင်နီယာတွေ ရှာတွေ့ခဲ့ကြပြီ။ အဲဒီဖြေရှင်းနည်းဟာ ဘာလဲ။ သိမ်းငှက်၊ လင်းယုန်၊ ငှက်ကျားတို့လိုမျိုး အမြင့်ပျံငှက်တွေရဲ့ ကော့နေတဲ့ တောင်ပံကိုကြည့်ပြီး လေယာဉ်တောင်ပံကို ကော့နေအောင် တီထွင်ခဲ့ကြတယ်။

သုံးသပ်ကြည့်ပါ– အဲဒီအမြင့်ပျံငှက်တွေဟာ ဝေဟင်မှာပျံသန်းနေစဉ် သူတို့ရဲ့ အတောင်တချို့ဟာ ကော့နေကြတယ်။ အဲဒီပုံစံက ဟန်ချက်ညီစေသလို လေပေါ်မှာ ပျံဝဲနိုင်ဖို့ အထောက်အကူဖြစ်စေတယ်။ အဲဒါက စွမ်းဆောင်ရည်ကိုလည်း တိုးစေတယ်။ အဲဒီငှက်တောင်ပံ ပုံစံနဲ့တူအောင် လေယာဉ်တောင်ပံကို အင်ဂျင်နီယာတွေ ဒီဇိုင်းဆွဲ၊ တီထွင်ခဲ့ကြတယ်။ အဲဒါကို စမ်းသပ်ကြည့်တဲ့အခါ ကော့ထားတဲ့ လေယာဉ်တောင်ပံက လေယာဉ်ရဲ့စွမ်းဆောင်ရည်ကို ၁၀ ရာခိုင်နှုန်းထက်မက တိုးများစေမှန်း သိခဲ့ကြတယ်။ ဘာကြောင့်လဲ။ ကော့ထားတဲ့ လေယာဉ်တောင်ပံက ဆွဲအားကို လျော့နည်းစေသလို တွန်းကန်အားကို မြှင့်တင်ပေးတယ်။

ကော့ထားတဲ့ လေယာဉ်တောင်ပံကြောင့် ခရီးဝေးဝေးပျံနိုင်သလို ဝန်လည်း ပိုသယ်နိုင်တယ်၊ လေယာဉ်ဆင်းသက်ရပ်နားဖို့လည်း ပိုလွယ်ကူစေတယ်၊ လောင်စာသက်သာစေတယ်။ ဥပမာ၊ ၂၀၁၀ ပြည့်နှစ်တုန်းက “ကမ္ဘာတစ်ဝန်းလုံးမှာ ဂျက်လေယာဉ်လောင်စာဆီ ဂါလံ ၂ ဘီလီယံ ချွေတာနိုင်ခဲ့” တယ်၊ အခိုးအငွေ့ထုတ်လွှတ်တဲ့ပမာဏလည်း အတော်အတန် လျော့နည်းသွားစေတယ်လို့ နာဆာက သတင်းထုတ်ပြန်ခဲ့တယ်။

သင် ဘယ်လို ထင်ပါသလဲ။ အမြင့်ပျံငှက်တွေရဲ့ ကော့နေတဲ့တောင်ပံဟာ အလိုလို ဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ဖန်တီးထားတာလား။