မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရင်ဒါဝိဒ်ဟာ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်က ဖော်ပြ

ဘုရင်ဒါဝိဒ်ဟာ သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်က ဖော်ပြ

 ကျမ်းစာအရ အစ္စရေးဘုရင် ဒါဝိဒ်ဟာ ဘီစီ ၁၁ ရာစုမှာ အသက်ရှင်ခဲ့တယ်။ သူ့သားမြေးတွေ နှစ်ရာနဲ့ချီ အုပ်ချုပ်ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျမ်းစာဝေဖန်သူတချို့က ဒါဝိဒ်ကို ဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုကြတယ်။ ဘုရင်ဒါဝိဒ်ဟာ တကယ့်ပုဂ္ဂိုလ် ဟုတ်ပါသလား။

 ၁၉၉၃ ခုနှစ်မှာ ရှေးဟောင်းသုတေသနပညာရှင် အဗရဟမ် ဘီရန်နဲ့ အဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်း တဲလ်ဒန်မြို့မှာ ကျောက်ပြားအပိုင်းအစတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကျောက်ပြားပေါ်မှာ “ဒါဝိဒ်ရဲ့ အမျိုးအနွယ်” ဆိုတဲ့ ကမ္ပည်း ပါတယ်။ ဘီစီ ကိုးရာစုက ဖြစ်ပြီး ရှေးခေတ် ဆီးမိုက်လက်ရေးစာနဲ့ ရေးထားတယ်။ အစ္စရေးလူမျိုးကို တိုက်ခိုက်အောင်မြင်မှုအတွက် အာရမေးယန်းတွေ စိုက်ထူခဲ့တဲ့ အောင်ပွဲအထိမ်းအမှတ် မှတ်တိုင် အပိုင်းအစတစ်ခု ဖြစ်ကြောင်း ထင်ရှားတယ်။

 နေ့စဉ် ကျမ်းစာသမိုင်း ဆောင်းပါးတစ်ပုဒ်မှာ ဒီလိုဖော်ပြထားတယ်– “‘ဒါဝိဒ်ရဲ့ အမျိုးအနွယ်’ ဆိုတဲ့ စာသား တွေ့ပေမဲ့ သံသယဝင်သူတွေ ရှိနေကြတုန်းပဲ။ ... ဒါပေမဲ့ ကျမ်းပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင် အများစုက တဲလ်ဒန်မြို့မှာ တွေ့တဲ့ ကျောက်ပြားအပိုင်းအစဟာ ကျမ်းစာပါ ဘုရင်ဒါဝိဒ် တကယ်တည်ရှိခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ဖြစ်တယ်လို့ လက်ခံကြတယ်။ အဲဒီရှာဖွေတွေ့ရှိမှုဟာ BAR [Biblical Archaeology Review] မှာ ဖော်ပြထားတဲ့ အရေးပါဆုံး ကျမ်းစာ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုတစ်ရပ်ပါပဲ။”