သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း

ကျမ်းစာရဲ့ အဓိကအကြောင်းအရာက ဘာလဲ။

သမ္မာကျမ်းစာကို အဘယ်ကြောင့် ဆန်းစစ်ရသနည်း

ကမ္ဘာမှာ အဖြန့်ဝေရဆုံးစာအုပ်ဖြစ်တဲ့ ကျမ်းစာထဲက အချက်အလက်တချို့ကို လေ့လာကြည့်ပါ။

အပိုင်း ၁

ဖန်ဆင်းရှင်သည် လူကို ပရဒိသုတွင် နေထိုင်စေ

လူတွေကို ဖန်ဆင်းတဲ့အကြောင်း ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။ ပထမဦးဆုံးလူသားဇနီးမောင်နှံကို ဘုရားသခင် ဘယ်ပညတ်တွေ ပေးခဲ့သလဲ။

အပိုင်း ၂

ပရဒိသု ဆုံးရှုံးခြင်း

အာဒံဧဝလုပ်ရပ်အတွက် သူကို ဘုရားပြစ်ဒဏ်ချမှတ်ပြီးနောက် ဘယ်မျှော်လင့်ချက်ကို ဘုရား ပေးသလဲ။

အပိုင်း ၃

ရေလွှမ်းမိုးဘေးမှ လွတ်မြောက်သူများ

ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှုတွေ ဘယ်လို ပျံ့နှံ့သွားသလဲ။ နောဧက သစ္စာရှိတဲ့သူဖြစ်ကြောင်း ဘယ်လို သက်သေပြခဲ့သလဲ။

အပိုင်း ၄

ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့

ခါနာန်ပြည်ကို အာဗြဟံ ဘာကြောင့် ပြောင်းရွှေ့ခဲ့တာလဲ။ အာဗြဟံနဲ့ ယေဟောဝါဘုရား ဘယ်ပဋိညာဉ်ဖွဲ့ ခဲ့သလဲ။

အပိုင်း ၅

အာဗြဟံနှင့် သူ့မိသားစုကို ဘုရားသခင် ကောင်းချီးပေး

ဣဇက်ကို ပူဇော်ဖို့ အာဗြဟံကို ဘုရားတောင်းဆိုတာက ဘာကို ဖော်ပြသလဲ။။ ယာကုပ်မသေခင် ဘာကြိုဟောခဲ့သလဲ။

အပိုင်း ၆

ယောဘ သမာဓိစောင့်ထိန်း

လူသားတွေအနေနဲ့ ဘုရားအပေါ် သမာဓိစောင့်ထိန်းခြင်းအားဖြင့် ကိုယ်တော့်အုပ်စိုးပိုင်ခွင့်ကို ထောက်ခံနိုင်ကြောင်း ယောဘကျမ်းကနေ ဘယ်လို သိနိုင်မလဲ။

အပိုင်း ၇

ဘုရားသခင်သည် အစ္စရေးလူမျိုးကို ကျွန်ဘဝမှကယ်တင်

အစ္စရေးလူမျိုးကို ကျွန်ဘဝကနေကယ်တင်ဖို့ မောရှေကို ဘုရား ဘယ်လို အသုံးပြုခဲ့သလဲ။ ပသခါပွဲကို ဘာကြောင့် ကျင်းပရတာလဲ။

အပိုင်း ၈

အစ္စရေးလူတို့ ခါနာန်ပြည်သို့ ဝင်ရောက်

အစ္စရေးလူတွေ ခါနာန်ပြည်ကို ဝင်တဲ့အခါ ဂျေရိခိုမြို့က ရာခပ်နဲ့သူ့မိသားစုကို ဘုရား ဘာကြောင့် ကယ်တင်ခဲ့တာလဲ။

အပိုင်း ၉

အစ္စရေးလူတို့ ဘုရင်တစ်ပါး တောင်းဆို

အစ္စရေးလူတွေ ဘုရင်တစ်ပါးတောင်းဆိုတဲ့အခါ ယေဟောဝါဘုရားက ရှောလုကို ရွေးချယ်ပေးခဲ့တယ်။ ဘုရင်ရှောလုနေရာမှာ ဒါဝိဒ်ကို ယေဟောဝါ ဘာကြောင့် အစားထိုးခဲ့တာလဲ။

အပိုင်း ၁၀

ပညာရှိဘုရင် ရှောလမုန်

ရှောလမုန်ရဲ့ဉာဏ်ပညာ ပတ်သက်တဲ့ အဖြစ်အပျက်တချို့က ဘာလဲ။ ဘုရားသခင့်ရဲ့လမ်းစဉ်ကနေ သွေဖည်သွားတဲ့အခါ ဘာရလဒ် ရရှိခဲ့သလဲ။

အပိုင်း ၁၁

ဘုရားသခင့်လမ်းညွှန်မှုဖြင့် သီကုံးစပ်ဆိုထားပြီး ကျွန်ုပ်တို့ကို နှစ်သိမ့်သွန်သင်ပေးသောသီချင်းများ

ဘုရားကိုချစ်မြတ်နိုးသူတွေအပေါ် ကိုယ်တော် ကူညီနှစ်သိမ့်ပေးတယ်ဆိုတာ ဘယ်ဆာလံသီချင်းတွေက ဖော်ပြနေသလဲ။ ရှောလမုန်သီချင်းမှာ သူ ဘာအကြောင်းဖော်ပြထားသလဲ။

အပိုင်း ၁၂

ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ

လက်တွေ့ကျအကြံပြုချက်တွေနဲ့ ဘုရားကို ယုံကြည်ကိုးစားခြင်းနဲ့ပတ်သက်ပြီး သုတ္တံကျမ်းနဲ့ ဒေသနာကျမ်းမှာပါ ဘယ်ကျမ်းစာအကြံပြုချက်တွေကို လိုက်နာနိုင်သလဲ။

အပိုင်း ၁၃

မင်းကောင်းများနှင့် မင်းဆိုးများ

အစ္စရေးပြည်ဟာ ဘယ်လို နှစ်ပိုင်းကွဲသွားတာလဲ။

အပိုင်း ၁၄

ဘုရားသခင်သည် မိမိပရောဖက်များမှတစ်ဆင့် မိန့်ဆို

ဘုရားရဲ့ပရောဖက်တွေက ဘယ်လိုသတင်းတရားတွေကို ကြေညာရသလဲ။ သူတို့ကြေညာခဲ့တဲ့ အရေးကြီးအကြောင်းအရာလေးခုကို သုံးသပ်ကြည့်ပါ။

အပိုင်း ၁၅

ပြည်နှင်ခံပရောဖက်တစ်ဦး အနာဂတ်နှင့် ပတ်သက်သော စိတ်အာရုံများရရှိ

မေရှိယနဲ့ ဘုရားနိုင်ငံတော်အကြောင်း ဒံယေလ ဘာသိသလဲ။

အပိုင်း ၁၆

မေရှိယ ကြွလာ

ယေရှုက မေရှိယဖြစ်တယ်ဆိုတာကို ဖော်ပြဖို့ ကောင်းကန်တမန်တွေနဲ့ နှစ်ခြင်းဆရာယောဟန်ကို ဘုရား ဘယ်လိုအသုံးပြုခဲ့သလဲ။ ယေရှု မေရှိယဖြစ်တယ်ဆိုတာ ယေဟောဝါကိုယ်တိုင် ဘယ်လို ဖော်ပြခဲ့သလဲ။

အပိုင်း ၁၇

ဘုရားသခင်၏နိုင်ငံတော်အကြောင်း ယေရှု သွန်သင်

ယေရှု အလေးပေးဟောခဲ့တဲ့ အဓိကအကြောင်းအရာက ဘာလဲ။ မေတ္တာနဲ့ တရားမျှတမှုအပေါ် အခြေခံပြီး အုပ်ချုပ်သွားမယ့်အကြောင်းကို သူ ဘယ်လိုဖော်ပြခဲ့သလဲ။

အပိုင်း ၁၈

အံ့ဖွယ်အမှုများကို ယေရှုပြုလုပ်

ယေရှုရဲ့ အံ့ဖွယ်အမှုတွေက သူရဲ့တန်ခိုးနဲ့ အနာဂတ်အုပ်ချုပ်မှုအကြောင်း ဘာဖော်ပြနေသလဲ။

အပိုင်း ၁၉

အနာဂတ်ဖြစ်ရပ်များအကြောင်း ယေရှုကြိုဟော

တမန်တော်တွေကို ယေရှု ကြိုပြောခဲ့တဲ့ နိမိတ်လက္ခဏာတွေက ဘာအဓိပ္ပာယ်ရှိလဲ။

အပိုင်း ၂၀

ယေရှုခရစ် အသတ်ခံရ

သစ္စာဖောက်ခံရပြီး သစ်တိုင်ပေါ်အသတ်မခံရခင် ဘယ်ပွဲတော်အသစ်ကို ယေရှု အစပြုကျင်းပခဲ့သလဲ။

အပိုင်း ၂၁

ယေရှု အသက်ပြန်ရှင်ပြီ

ယေရှုကို ဘုရားသခင်ထမြောက်ပေးခဲ့ကြောင်း တပည့်တွေ ဘယ်လို သိရှိသွားသလဲ။

အပိုင်း ၂၂

တမန်တော်များ ရဲရင့်စွာဟောပြောကြ

ပင်တေကုတ္တေပွဲနေ့မှာ ဘာဖြစ်ခဲ့သလဲ။ ယေရှုတပည့်တော်တွေဟောပြောတာကို ရန်သူတွေ ဘာလုပ်ကြသလဲ။

အပိုင်း ၂၃

သတင်းကောင်း ပျံ့နှံ့

လုတ္တရမြို့မှာ ခြေဆွံ့တဲ့သူကို ပေါလု ကုသပေးပြီးတဲ့နောက် ဘာဖြစ်ခဲ့သလဲ။ ရောမကို ပေါလု ဘယ်လိုရောက်သွားသလဲ။

အပိုင်း ၂၄

အသင်းတော်များထံ ပေါလုစာရေး

အသင်းတော်ကို ကောင်းကောင်းဖွဲ့စည်းနိုင်ဖို့ ပေါလု ဘာလမ်းညွှန်ချက် ပေးခဲ့သလဲ။ ကတိထားရာမျိုးနွယ်အကြောင်း ဘာပြောခဲ့သလဲ။

အပိုင်း ၂၅

ယုံကြည်ခြင်း၊ အကျင့်၊ မေတ္တာတို့နှင့်ပတ်သက်သော အကြံဉာဏ်

ခရစ်ယာန်တစ်ယောက် ယုံကြည်ခြင်းကို ဘယ်လို တင်ပြနိုင်မလဲ။ လူတစ်ယောက်က ဘုရားကို တကယ်ချစ်ကြောင်း ဘယ်လို တင်ပြသလဲ။

အပိုင်း ၂၆

ပရဒိသု ပြန်လည်ရရှိခြင်း

ကျမ်းစာသတင်းတရားကို ဗျာဒိတ်ကျမ်းက ဘယ်လိုပြည့်စုံစေမလဲ။

သမ္မာကျမ်းစာ၏သတင်းစကား—ခြုံငုံသုံးသပ်ချက်

ယေရှုဟာ မြေကြီးကို ပရဒိသုဖြစ်အောင်လုပ်ပေးမယ့် မေရှိယဖြစ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့ ယေဟောဝါ အဆင့်ဆင့်ဖော်ပြခဲ့သလဲ။

ကျမ်းစာအချိန်ပြမျဉ်း

ဘီစီအီး ၄၀၂၆ ကနေစပြီး စီအီး ၁၀၀ ခန့်အထိ ဖော်ပြထားတဲ့ ကျမ်းစာသမိုင်းအချိန်ပြမျဉ်းကို လေ့လာကြည့်ပါ။