မာတိကာဆီ ကျော်သွား

လိုက်နာ​ရန် စည်းကမ်းများ

လိုက်နာ​ရန် စည်းကမ်းများ

ကြိုဆိုပါ​တယ်။

ဒီ​ဝက်ဘ်ဆိုက်ကို ဘုရားသခင်၊ သမ္မာကျမ်းစာ​နဲ့ ယေဟောဝါသက်သေတွေ​အကြောင်း ပို​လေ့လာ​နိုင်အောင် ပြင်ဆင်​ပေးထား​တာ​ဖြစ်တယ်။ သင်​စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဖတ်​နိုင်တယ်၊ ကြည့်နိုင်တယ်၊ ကူးယူ​နိုင်တယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်​ကနေ တခြား​သူတွေကို အကျိုး​ရစေချင်​ပါတယ်။ ဒါပေမဲ့ ဒီ​ဝက်ဘ်ဆိုက်​မှာပါ​ရှိတဲ့​အရာတွေကို နောက်ထပ်​ဝက်ဘ်ဆိုက်​တစ်ခုမှာ ဒါမှမဟုတ် application မှာ ထပ်​မတင်ပါ​နဲ့။ တခြား​သူတွေကို ဝေမျှပေး​ချင်​ရင် အောက်ပါ​လိုက်နာ​ရန် စည်းကမ်းများ​မှာ ဖော်ပြ​ထားတဲ့​အတိုင်း ဒီ​ဝက်ဘ်ဆိုက်ကို​ပဲ ညွှန်ပြ​ပေး​နိုင်ပါတယ်။

 မူပိုင်​ခွင့်

© ၂၀၂၄ Watch Tower Bible and Tract Society of Pennsylvania, Inc. မူပိုင်။

ဒီ​ဝက်ဘ်ဆိုက်ကို Watchtower Bible and Tract Society of New York, Inc. (“Watchtower”)၊ (“ကင်းမျှော်စင် အသင်း”) က တင်ထား​ပြီး ထိန်းသိမ်း​ထားတာ ဖြစ်ပါတယ်။ တခြား​ဖော်ပြချက်​တွေ မပါရင် ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ စာသားတွေ​နဲ့ အချက်အလက်​အားလုံးဟာ Watch Tower Bible and Tract Society of Pennsylvania (“Watchtower”)၊ (“ကင်းမျှော်စင် အသင်း”) ရဲ့ ပိုင်ဆိုင်ရာ ဖြစ်ပါတယ်။

 အမှတ်​တံဆိပ်​များ

Adobe, Adobe အမှတ်​တံဆိပ်​နဲ့ Acrobat, Acrobat အမှတ်​တံဆိပ်​တွေဟာ Adobe အ​စု​အဖွဲ့ရဲ့ တရားဝင် မှတ်ပုံတင်​ထားရာ​တွေ ဖြစ်တယ်။ iTunes နဲ့ iPod တို့ဟာ Apple ကုမ္ပဏီရဲ့ အမှတ်​တံဆိပ် ဖြစ်တယ်။ Microsoft, Microsoft အမှတ်​တံဆိပ်၊ Microsoft Office, Microsoft Office 365 အပါအဝင် Microsoft software နဲ့​ပစ္စည်း​တွေဟာ Microsoft ကုမ္ပဏီရဲ့ အမှတ်​တံဆိပ် ဖြစ်တယ်။ Android ဟာ Google LLC ရဲ့ အမှတ်​တံဆိပ် ဖြစ်တယ်။ Android robot ဟာ Google က ထုတ်ကုန်​သစ် ဒါမှမဟုတ် ပြင်ဆင်ထား​တာ ဖြစ်တယ်။ Creative Commons 3.0 Attribution License (https://creativecommons.org/licenses/by/3.0/us/) မှာ​ဖော်ပြ​ထားတဲ့ စည်းကမ်းချက်​များနဲ့​အညီ အသုံးပြုပါ​တယ်။ တခြား​အမှတ်​တံဆိပ်​နဲ့ မှတ်ပုံတင်​ထားတဲ့ အမှတ်​တံဆိပ်​တွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်ရာတွေ ဖြစ်ပါတယ်။

 လိုက်နာ​ရန် စည်းကမ်းများ​နဲ့ ဝက်ဘ်ဆိုက် အသုံးပြုခွင့်

ဒီ​ဝက်ဘ်ဆိုက်ကို အသုံးပြုမယ်​ဆိုရင် လိုက်နာ​ရန် စည်းကမ်းတွေကို လိုက်နာ​ဖို့ လိုတယ်။ သင့်​အနေနဲ့ ဒီ​ဝက်ဘ်ဆိုက်ကို အသုံးပြုတယ်​ဆိုရင် တခြား​လိုက်နာ​ရန် စည်းကမ်းချက် (“လိုက်နာ​ရန် စည်းကမ်းချက်” အားလုံး) ကို အပြည့်အဝ သဘောတူ​ကြောင်း ဖော်ပြရာ​ရောက်တယ်။ စည်းကမ်းချက်​တစ်ခုခုကို မလိုက်နာ​နိုင်​ရင် ဒီ​ဝက်ဘ်ဆိုက်ကို အသုံး​မပြုပါနဲ့။

ဒီ​ဝက်ဘ်ဆိုက်ကို တော်မှန်​စွာ ဘယ်လို သုံး​မလဲ။ အောက်​ဖော်ပြပါ စည်းကမ်းတွေကို လိုက်နာပါ–

  • ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ကင်းမျှော်စင်​ရဲ့ မူပိုင် ဖြစ်တဲ့ အီလက်ထရောနစ် စာစောင်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ပန်းချီ၊ ဗီဒီယို​တို့ကို ကြည့်နိုင်တယ်၊ ကိုယ်ပိုင်​အတွက် ကူးယူ​နိုင်တယ်၊ စာရွက်​နဲ့ ထုတ်ယူ​နိုင်တယ်။ ပြန်လည်​ရောင်းချ​ခွင့်​တော့ မရှိပါဘူး။

  • ကူးယူ​နိုင်တဲ့ စာပေ၊ ဗီဒီယို၊ အသံသွင်း​ထားရာ​တွေရဲ့ link ကို တခြား​သူတွေဆီ ပို့​နိုင်တယ်။ ကိုယ်တိုင် ကူး​ပြီးသား​ကိုလည်း ဝေမျှ​နိုင်ပါတယ်။

  • ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်​တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဆောင်းပါး​တို့ကို အင်တာနက် (တခြား​ဝက်ဘ်ဆိုက်၊ ဖိုင်​ဖြန့်ဝေ​ပေးတဲ့ ဆိုက်၊ ဗီဒီယို ဖြန့်ဝေ​ပေးတဲ့​ဆိုက်၊ လူမှု​ကွန်ရက်) မှာ မတင်​ရ​ပါ။

  • ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်​တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယို​တို့ကို (တခြား​ဆော့ဖ်ဝဲ အက်​ပ​လီ​ကေး​ရှင်း​က အသုံးပြု​ထားတဲ့ ဆာ​ဗာ​အတွက် လွှင့်​တင်​ခြင်း အပါအဝင်) ဘယ်​ဆော့ဖ်ဝဲ အက်​ပ​လီ​ကေး​ရှင်း​နဲ့​ဖြစ်ပါစေ၊ တစ်စိတ်တစ်ပိုင်း​နဲ့​ဖြစ်ပါစေ ဖြန့်ဝေ​တာ​မျိုး မပြုရ​ပါ။

  • ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်​တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယို​တို့ကို ငွေကြေး​အကျိုးအမြတ်​အတွက် ဖြန့်ဝေခြင်း၊ ပြန်လည်​ထုတ်ဝေခြင်း၊ မိတ္တူ​ပွား​ခြင်းတို့ကို (အကျိုးအမြတ် မယူ​ဘူးဆိုရင်​တောင်) မပြုရ​ပါ။

  • ဖြန့်ဝေ​ဖို့ ရည်ရွယ်ချက်​နဲ့ Data, HTML, ရုပ်ပုံ၊ စာသား​တို့ကို စုဆောင်း​နိုင်တဲ့၊ မိတ္တူ​ပွား​နိုင်တဲ့၊ ကူးယူ​နိုင်တဲ့ ဆော့ဖ်ဝဲ​တွေ၊ ကိရိယာ​တွေ၊ နည်းပညာ​တွေကို မ​ဖန်တီး​ပါ​နဲ့။ (ဒီ​ဆိုက်​မှာ အီလက်ထရောနစ် စာစောင်​တွေကို ကူးယူ​နိုင်​စေတဲ့ အခမဲ့ EPUB, PDF, MP3, MP4 တွေ ဖြန့်ဝေပေး​တာ​ကို တားမြစ်​ခြင်း မဟုတ်ပါ။)

  • ရှင်းရှင်းလင်းလင်း ဖော်ပြ​မထားတဲ့ တခြား​နည်းလမ်းကို သုံးပြီး​တော့ ဒီ​ဝက်ဘ်ဆိုက် ဒါမှမဟုတ် ဝန်ဆောင်မှု​ကို ဝင်ရောက်​နှောင့်ယှက်ခြင်း မပြုရ​ပါ။

  • ဒီ​ဝက်ဘ်ဆိုက်ကို ဖျက်လိုဖျက်ဆီး​သဘော​နဲ့ ဝင်ရောက် အသုံးပြုခြင်း၊ ဝက်ဘ်ဆိုက်​ထဲမှာ ရရှိနိုင်​တာတွေကို ပျက်စီး​ချွတ်ယွင်း​စေခြင်း​မျိုး မ​လုပ်​ရ​ပါ။

  • ဒီ​ဝက်ဘ်ဆိုက်ကို ဥပဒေ​နဲ့ မညီညွတ်​တဲ့၊ မရိုးသားတဲ့၊ ထိခိုက်​နစ်နာ​စေတဲ့​နည်းနဲ့ အသုံးမပြု​ရ​ပါ။ ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ပန်းချီ၊ အီလက်ထရောနစ် စာစောင်၊ အမှတ်​တံဆိပ်၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာသား၊ ဗီဒီယို​တို့ကို ဈေးကွက်​တင်​ရောင်းချဖို့ ရည်ရွယ်ချက်​အတွက် အသုံးမပြု​ရ​ပါ။

  • ဒီ​ဝက်ဘ်ဆိုက်​မှာ ဂူ​ဂဲ​လ်​မြေပုံ​ကို အသုံးပြု​ထားပါ​တယ်။ ဂူ​ဂဲ​လ်​ဝက်ဘ်ဆိုက်ကို ကျွန်တော်တို့ မထိန်းချုပ်​နိုင်ပါဘူး။ ဒီ​ဝက်​ဆိုက်​ကနေ ဂူ​ဂဲ​လ်​မြေပုံ​ကို အသုံးပြုမယ်​ဆိုရင် Google Maps/Google Earth ရဲ့ လိုက်နာ​ရန်​စည်းကမ်းများကို လိုက်နာ​ဖို့​လိုတယ်။ အပ်​ဒိတ်​လုပ်တာတွေကို ကျွန်တော်တို့ မသိနိုင်​တဲ့​အတွက် ဂူ​ဂဲ​လ် မြေပုံ​ဝက်ဘ်ဆိုက်ရဲ့ ဝန်ဆောင်မှု​တွေကို အသုံးမပြု​ခင် လိုက်နာ​ရမယ့် စည်းကမ်းတွေကို ပြန်​သုံးသပ်ပါ။ စည်းကမ်းတွေ မလိုက်နာ​နိုင်ဘူး​ဆိုရင် ဂူ​ဂဲ​လ်​မြေပုံ ဝန်ဆောင်မှု​ကို အသုံး​မပြုပါနဲ့။ ဂူ​ဂဲ​လ်​မြေပုံ​က ဘယ်​ကိုယ်ရေး​အချက်အလက်​ကို​မှ ဒီ​ဝက်ဘ်ဆိုက်ကို ပြန်​မ​ပို့ပေးပါ။

ဆေးပညာ​ကဏ္ဍ

 ဒီ​ကဏ္ဍ​မှာပါတဲ့ အကြောင်းအရာတွေ​ဟာ အသိပညာ​ပေးဖို့​သက်​သက်​ပဲ ဖြစ်ပါတယ်။ ဆေးဝါး​နဲ့​ပတ်သက်ပြီး အကြံ​ပေးတာ မဟုတ်သလို ဆရာဝန်တွေ​ရဲ့ အကြံပြုချက်၊ ရောဂါ​စစ်​ချက်၊ ကုသနည်း​တွေကို အစားထိုး​ဖို့​လည်း မရည်ရွယ်​ပါဘူး။ ဒီ​ဆေးပညာ​ကဏ္ဍ​မှာ ဖော်ပြ​ထားတဲ့ စမ်းသပ်ချက်​တွေ၊ ဆရာဝန်တွေ၊ ဆေးဝါးတွေ၊ ကုသနည်း​တွေ၊ အကြံပေး​ချက်​တွေ​နဲ့ တခြား​အချက်အလက်​တွေကို ထောက်ခံ​အတည်ပြု​တာ​လည်း မဟုတ်ပါဘူး။

ရောဂါ​အခြေအနေ၊ ကုသမှု​နဲ့​ပတ်သက်ပြီး မေးစရာ​ရှိမယ်ဆိုရင် တတ်ကျွမ်းတဲ့​ဆရာဝန်တွေ​နဲ့ တိုင်ပင်​ပါ။

ဒီ​ဆေးပညာ​ကဏ္ဍ​မှာ တိကျ​မှန်ကန်တဲ့ နောက်ဆုံး​အချက်အလက်​တွေကို ဖော်ပြ​ပေး​သွားပါမယ်။ ဒါပေမဲ့ ဒီ​ကဏ္ဍ​ကနေ ဝင်ရောက်​ဖတ်ရှု​နိုင်တဲ့ အချက်အလက်​တွေဟာ အခြေအနေကို အရှိအတိုင်း ဖော်ပြ​ပေးထား​ခြင်း ဖြစ်ပါတယ်။ အဲဒီ​အချက်တွေကို တိုက်ရိုက်​သဘော​နဲ့​ဖြစ်စေ၊ သွယ်ဝိုက်​သဘော​နဲ့​ဖြစ်စေ အာမခံ​ပေးတာ မဟုတ်ပါဘူး။ အဲဒီ​အချက်အလက်​တွေဟာ ယုံကြည်​စိတ်ချ​လို့​ရတယ်၊ တိကျ​မှန်ကန်တယ်၊ အချိန်တိုင်း အသုံးဝင်တယ်၊ ပြီးပြည့်စုံ​တယ်​ဆိုပြီး အာမခံ​ပေးထား​တာ မဟုတ်ဘူး။ ဖော်ပြ​ထားတဲ့ အချက်အလက်​တွေ​အတိုင်း လုပ်ဆောင်​လို့ အမှားအယွင်း​တွေ ပါ​မယ်​ဆိုရင် ဒီ​ဝက်ဘ်ဆိုက်​က တာဝန်​မယူ​ပါဘူး။ ဖော်ပြ​ထားတဲ့ အချက်အလက်​တွေ​အတိုင်း လုပ်ဆောင်တာ​က သင့်ရဲ့​ရွေးချယ်မှု​ပဲ ဖြစ်ပါတယ်။ အဲဒီ​အချက်​အတိုင်း လုပ်ဆောင်​သည်​ဖြစ်စေ၊ မလုပ်ဆောင်​သည်​ဖြစ်စေ ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေ၊ အနာတရ​ဖြစ်မှု​တွေ၊ အသက်ဆုံးရှုံး​မှု​တွေ၊ ငွေကြေး​ဆုံးရှုံးမှုတွေ​အတွက် ဒီ​ဝက်ဘ်ဆိုက်ကို အပြစ်တင်​လို့ မရပါ။ အာမခံချက်​ပေါ် မူတည်ပြီး လုပ်တာ​ဖြစ်စေ၊ စာချုပ်​စာတမ်း​ပေါ် မူတည်ပြီး​လုပ်တာ​ဖြစ်စေ၊ စာချုပ်​စာတမ်း​ကို ချိုးဖောက်​ပြီး လုပ်တာ​ဖြစ်စေ၊ တရားရေး​ရာ​လုပ်ထုံး​ပေါ် မူတည်ပြီး လုပ်တာ​ပဲ​ဖြစ်စေ၊ ဖြစ်ပေါ်လာ​နိုင်တဲ့ ဆိုးကျိုး​တွေကို ကျွန်တော်တို့ကို အကြောင်းကြား​သည်​ဖြစ်စေ၊ အကြောင်း​မကြား​သည်​ဖြစ်စေ ဒီ​ဝက်ဘ်ဆိုက်ရဲ့ တာဝန်​မဟုတ်ပါ။

အာမ,မခံ​ပါ၊ တာဝန်​မယူ​ပါ

 ဒီ​ဝက်ဘ်ဆိုက်​နဲ့ ဒီ​ဝက်ဘ်ဆိုက်​ကနေ ရရှိ​နိုင်တဲ့ သတင်း၊ အချက်အလက်၊ အကြောင်းအရာနဲ့ တခြား​ဝန်ဆောင်မှု​အားလုံးကို ကင်းမျှော်စင်​က “အရှိအတိုင်း” ပြင်ဆင်ထား​တာ ဖြစ်တယ်။ ကင်းမျှော်စင်​က ဘယ်​အမျိုးအစား၊ ဘယ်​ဖော်ပြချက်၊ ဘယ်​ရည်ညွှန်းချက်​အတွက်​မဆို ကိုယ်စားလှယ်၊ အာမခံ မရှိပါ။

ဒီ​ဝက်ဘ်ဆိုက်​ဟာ ဗိုင်းရပ်စ် ဒါမှမဟုတ် တခြား အန္တရာယ်​ရှိ​အရာတွေ ကင်း​တယ်လို့ ကင်းမျှော်စင်​က အာမ,မခံ​ပါ။ ဝန်ဆောင်မှု​တစ်ခုခု၊ အချက်အလက်၊ အကြောင်းအရာ တစ်ခုခု​ထဲ​တစ်ဆင့် ဝင်​လို့ ပေါ်ပေါက်​လာတဲ့ ထိခိုက်မှုတွေ​အတွက် ကင်းမျှော်စင်မှာ တာဝန်​မရှိပါ၊ ဒီ​ဝက်​ဆိုက်​ကနေ​တစ်ဆင့် တခြား​ဝန်ဆောင်မှု​တွေ​ထဲ ဝင်​တဲ့​အတွက် တိုက်ရိုက်၊ သွယ်ဝိုက်၊ မတော်တဆ၊ ဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ဖြစ်နိုင်ပါတယ်။

စည်းကမ်းများ​ကို ဖောက်ဖျက်​ရင်

 လိုက်နာ​ရန် စည်းကမ်းများ​ကို မလိုက်နာ​ဘဲ အသုံးပြုတယ်​ဆိုရင် ကင်းမျှော်စင် (အသင်း) က ကင်းမျှော်စင် (အသင်း) ရဲ့ တခြား​မူပိုင်​ခွင့်​တွေ​နဲ့​အညီ သင့်ကို အရေးယူ​မှာ ဖြစ်ပါတယ်။ ဒီ​ဝက်ဘ်ဆိုက်​ထဲ ဝင်ရောက်ခွင့်၊ ဝက်ဘ်ဆိုက်​ထဲ​ဝင်ရောက်​ဖို့ တောင်းခံတဲ့ အင်တာနက် ဝန်ဆောင်မှု​ပေးသူ​တွေကို ဆက်သွယ်​ပြီး ဒီ​ဝက်ဘ်ဆိုက်​ထဲ ဝင်ရောက်​ဖို့ အသုံးပြုတဲ့​လိပ်စာ (IP Address) ကို ကန့်သတ်​ပိတ်ပင်​နိုင်ပါတယ်။ ဒါမှမဟုတ် နှောင့်ယှက်​ဖျက်ဆီး​တာ​ကို ကာကွယ်ဖို့ တရား​ဥပဒေ​အရ အရေးယူ​မှာ ဖြစ်တယ်။

ပြုပြင်​ပြောင်းလဲခြင်း

 ဝက်ဘ်ဆိုက် အသုံးပြု​တာ​နဲ့​ပတ်သက်တဲ့ လိုက်နာ​ရန် စည်းကမ်းများ​ကို ကင်းမျှော်စင် (အသင်း) က ပြန်လည်​ပြင်ဆင်​တည်းဖြတ်​နိုင်တယ်။ အဲဒီ​ပြင်ဆင်ချက်​တွေဟာ အသိပေး​ကြေညာ​တဲ့​နေ့​က​စပြီး အကျိုး​သက်ရောက်​ပါ​မယ်။ လိုက်နာ​ရန် စည်းကမ်းများ​နဲ့​ပတ်သက်တဲ့ နောက်ဆုံး​ပြုပြင်​ပြောင်းလဲ​တာတွေကို သိရှိ​နိုင်ဖို့ ဒီ​စာမျက်နှာ​ကို မှန်မှန် ဖတ်ရှု​ပါ။

ဥပဒေ​နဲ့ တရား​စီရင်ပိုင်ခွင့်

 လိုက်နာ​ရန် စည်းကမ်းများ​ကို အမေရိကန်​နိုင်ငံ၊ နယူးယောက်​ပြည်နယ်​အစိုးရရဲ့ ဥပဒေ​နဲ့​အညီ ထုတ်ပြန်​ထားတာ ဖြစ်ပါတယ်။ လိုက်နာ​ရန် စည်းကမ်း​နဲ့​ပတ်သက်တဲ့ အရေးယူမှု​တွေဟာ အမေရိကန်​နိုင်ငံ၊ နယူးယောက်​ပြည်နယ် ဗဟို​အစိုးရ​တရားရုံး​ရဲ့ စီရင်ချက်​အတိုင်း ဖြစ်ပါတယ်။

ဆက်​အကျုံးဝင်​နေဆဲ

 တရား​စီရင်ပိုင်ခွင့် အပြည့်အဝ​ရှိတဲ့ တရားရုံး​က စည်းကမ်းချက်​တွေ​ထဲ​က တစ်ခုကို ပယ်​တယ်၊ မသက်ဆိုင်​ဘူး၊ အတည်မပြု​ဘူး၊ ဥပဒေ​နဲ့ မကိုက်ညီ​ဘူးဆိုပြီး ဆုံးဖြတ်တယ်​ဆိုရင်တောင် ကျန်ရှိ​တဲ့ စည်းကမ်းချက်​တွေ​ကတော့ ဆက်ပြီး အကျိုး​သက်ရောက်​နေပါ​မယ်။ ကင်းမျှော်စင် (အသင်း) က လိုက်နာ​ရန် စည်းကမ်းချက်​တစ်ခုခု ပယ်ဖျက်​ကြောင်း တရားဝင် မ​ထုတ်ပြန်​ထားဘူး​ဆိုရင် အဲဒီ​စည်းကမ်း​ကို လိုက်​စ​ရာ မလိုဘူးလို့ မယူမှတ်​ရ​ဘူး။

သဘော​တူညီချက်

 သင်နဲ့ ကင်းမျှော်စင် (အသင်း) သဘောတူညီ​ထားတဲ့ ဝက်ဘ်ဆိုက်​အသုံးပြုခြင်းနဲ့​ပတ်သက်ပြီး လိုက်နာ​ရန် စည်းကမ်းချက်​အားလုံးကို အထက်​ဖော်ပြပါ​သဘော​တူညီချက်​တွေ​နဲ့ အစားထိုး​ထားပါ​တယ်။